မောင်တောမြို့တွင် နေအိမ်အတွင်းမှ စိတ်ကြွ ဆေးပြား ၂၇၀၀၀ အားဖမ်းမိ

0
152

ရခိုင်ပြည်နယ်၊မောင်တောမြို့၊မြို့မ(အနောက်) ရပ်ကွက်ရှိ နေအိမ်တစ်လုံးအတွင်းမှ ငွေကျပ် ၅၄၀ သိန်းတန်ဖိုးရှိ စိတ်ကြွဆေးပြား ၂၇၀၀၀ အား အောက်တိုဘာ ၂၀ ရက်နံနက်ပိုင်းက ဖမ်း ဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့မှသိရသည်။

ယမန်နေ့နံနက် ၇ နာရီခွဲခန့်က မူးယစ်ဆေးဝါးတား ဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူး ပေါင်းအဖွဲ့သည် မောင်တောမြို့၊မြို့မ(အနောက်) ရပ်ကွက်နေ ကျော်ဇံမင်း(ခ)ကိုဇေ(၃၂)နှစ်၏ နေအိမ်အား၀င်ရောက်ရှာဖွေစစ်ဆေးခဲ့ကြသည်။

နေအိမ်အတွင်း၌ ၎င်းနှင့်အတူ ငွေကျပ် ၅၄၀ သိန်းတန်ဖိုးရှိ စိတ်ကြွဆေးပြား ၂၇၀၀၀ အားဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့မှသိရသည်။

ထို့ကြောင့် စိတ်ကြွဆေးပြားများနှင့်အတူ ဖမ်း ဆီးရမိသူအား မောင်တောမြို့မရဲစခန်းက မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရအမှုဖွင့်ကာ စစ်ဆေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here