ဆိုင်ခန်းပေါင်း ၅၀၀ ပါမည့်ပြည်သူ့ရင်ပြင်သီတင်းကျွတ်စျေးရောင်းပွဲတော်

0
209

ရန်ကုန်တိုင်း၊ဒဂုံမြို့နယ်ရှိ ပြည်သူ့ရင်ပြင်၌ ဆိုင်ခန်းပေါင်း ၅၀၀ ခန့်အပါအဝင် ဖျော်ဖြေပွဲများဖြင့် ၂၀၂၃ ခုနှစ် စက်မှုထုတ်ကုန်နှင့်ရေထွက်ကုန်ပစ္စည်း သီတင်းကျွတ်စျေးရောင်းပွဲတော်အား ၄ ရက်ကြာကျင်းပသွားမည်ဖြစ်သည်။

သီတင်းကျွတ်စျေးရောင်းပွဲတော်အား အောက်တို ဘာ ၂၇ ရက်မှ ၃၀ ရက်အထိ နေ့စဥ်နံနက် ၈ နာရီမှည ၁၀ နာရီအထိ ရန်ကုန်တိုင်းအတွင်းရှိ စက်မှုဇုန်(၂၉)ဇုန်မှထုတ်လုပ်သည့်ပစ္စည်းများ၊ MSME လုပ်ငန်းများ၊အသေးစားစက်မှုလုပ်ငန်းများ၊သမ ဝါယမဝန်ကြီးဌာနမှ ထုတ်ကုန်များနှင့်စက်မှုထုတ် ကုန်နှင့်ရေထွက်ကုန်ပစ္စည်းများ၊တိုင်းနှင့်ပြည် နယ်များမှ ထွက်ကုန်ပစ္စည်းများကို ပြသရောင်းချသွားမည်ဖြစ်သည်။

ထို့ပြင် နေ့စဉ် E-sport ဂိမ်းပြိုင်ပွဲများ၊ စတုဒီသာကျွေးမွေးမှုများ၊ အနုပညာရှင်များ၏ ဖျော်ဖြေမှုများ၊ ဆပ်ကပ်၊ မျက်လှည့်၊ DJ၊ Dancer များ၏ ဖျော်ဖြေမှုများလည်း ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

ထို့အတူ ဆန်၊ ဆီ၊ ကြက်ဥနှင့် ဟင်းသီးဟင်းရွက်စသည့် အခြေခံစားကုန်များကိုလည်း ဈေးနှုန်းချို သာစွာရောင်းချပေးသွားမည်ဖြစ်ပြီး လာရောက်သူများအဆင်ပြေစေရန် ကြို/ပို့ကားများစီစဉ်ထားကာ သီတင်းကျွတ်လပြည့်နေ့နှင့်အဖိတ်နေ့တို့တွင်လည်း မီးရှူး၊မီးပန်းများပစ်ဖောက်သွားမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here