အင်းလေးဖောင်တော်ဦးဘုရားများညောင်ရွှေမြို့ရှိ အဋ္ဌဒိသာဓမ္မဝိဟာရကျောင်းတော်ကြီးတွင်​ခေတ္တကိန်းဝပ်စံပယ်

0
289

ရှမ်းပြည်နယ်ရှိ အင်းလေးဖောင်တော်ဦးမြတ်စွာဘုရားများအား ညောင်ရွှေမြို့ရှိ အဋ္ဌဒိသာဓမ္မဝိဟာရကျောင်းတော်ကြီးသို့ အောက်တိုဘာ ၂၁ ရက်နံ နက်ပိုင်းက နစက ဥက္ကဋ္ဌမှဦးဆောင်၍ ပင့်ဆောင်ပူဇော်ခဲ့သည်။

ဘုရားများပင့်​ဆောင်ရာတွင်တိုင်းရင်းသားရိုးရာအကအဖွဲ့များ၏ ကိန္နရီကိန္နရာအက၊ရှမ်းတိုင်းရင်း သားရိုးရာအက၊တိုးနယားအက၊အင်းတိုင်းရင်း သားမီးဆုခံအက၊ဓားသိုင်းအက၊ပအိုဝ်းတိုင်းရင်း သားအက၊ရှမ်းကြီးအကစသည့်ရိုးရာယဥ်​ကျေးမူများဖြင့်ခြံရံခဲ့ကြသည်။

ခေတ္တကိန်းဝပ်စံပယ်တော်မူမည့် အဋ္ဌဒိသာဓမ္မဝိဟာရကျောင်းတော်ကြီးသို့ကြွရောက်တော်မူလာသည့် အင်းလေးဖောင်တော်ဦးမြတ်စွာဘုရားကိုသံဃာ​တော်များ၊ နစကဥက္ကဋ္ဌနှင့်ဇနီး၊ဧည့်ပရိသတ်များကကြိုဆိုဖူးမြော်ကာ မြတ်စွာဘုရားအား ရွှေသင်္ကန်းများကပ်လှူပူဇော်ခဲ့ကြသည်။

ထို့နောက် အင်းလေးဖောင်တော်ဦးရုပ်ပွားတော်မြတ်များ ညောင်ရွှေစံကျောင်းတော်ဝင်ပွဲကိုကျင်းပရာ ညောင်ရွှေမြို့၊ကန်ကြီးကျောင်းတိုက် ဦးစီးပဓာန နာယကဆရာတော် အဂ္ဂမဟာဂန္ထဝါစ ကပဏ္ဍိတ ဘဒ္ဒန္တ ပညာဝံသထံမှ နစက ဥက္ကဋ္ဌနှင့်ဇနီး၊ဧည့်ပရိသတ်များက ငါးပါးသီလခံယူ ဆောက်တည်ကာ ဆရာတော်၊သံဃာတော်များက ပရိတ်တရားတော်များကို ရွတ်ပွားသရဇ္ဈယ်တော်မူခဲ့ကြသည်။

ထို့ပြင် နစက ဥက္ကဋ္ဌနှင့်ဇနီးတို့မှ အဋ္ဌဒိသာဓမ္မဝိ ဟာရဒေသစာရီကျောင်းတော်ကြီး ဘက်စုံမွမ်းမံထိန်းသိမ်းပြုပြင်စောင့်ရှောက်ရန် ဘက်စုံအလှူငွေများကိုပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here