ပေ ၅၀ ခန့်နက်သည့်ချောက်အတွင်း ခရီးသည်တင် Hiace ကားဘရိတ်ပေါက်ပြီးထိုးကျ ကလေးငယ်တစ်ဦးအပါအဝင် ၉ ဦးဒဏ်ရာရ

0
121

မန္တလေး-ပြင်ဦးလွင်သွားကားလမ်း၏ ပေ ၅၀ ခန့်နက်သည့်ချောက်အတွင်းသို့ အောက်တိုဘာ ၂၂ ရက်(ယနေ့)နံနက်အစောပိုင်းက ခရီးသည်တင် Hiace ကားဘရိတ်ပေါက်၍ ထိုးကျသွားခဲ့ကြောင်း စေတနာမွန်လူမှုကူညီရေးအသင်း(အုန်းချော)မှ သိရသည်။

ယနေ့နံနက်အစောပိုင်း ၂ နာရီခန့်က မန္တလေး-ပြင်ဦးလွင်သွားကားလမ်းအတိုင်းမောင်းနှင်လာသည့် ပခုက္ကူ-မန္တလေး-ပြင်ဦးလွင်ပြေးဆွဲသော ခရီး သည်တင် Hiace ကားသည် မိုင်တိုင်အမှတ် ၁၈/၁ အရောက် ဘရိတ်ပေါက်၍ လမ်းဘေးရှိ ပေ ၅၀ ခန့်နက်သည့် ချောက်အတွင်းသို့ ထိုးကျသွားခဲ့ကြောင်း သိရသည်။

“အခင်းဖြစ်တဲ့အချိန်က လူခြေတိတ်ချိန်ဖြစ်နေတယ် ဖြစ်စဥ်ကိုသိသိချင်း မိတ်ဖက်အသင်းတွေနဲ့အတူ ကယ်ဆယ်ရေးသွားလုပ်ပေးခဲ့ပါတယ် က လေးတစ်ယောက်အပါအဝင် ၉ ယောက်ဒဏ်ရာရတယ် အဲဒီထဲက ၂ ယောက်ကစိုးရိမ်ရပါတယ်”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

ဖြစ်စဥ်မှ ထိခိုက်ဒဏ်ရာများရရှိခဲ့သည့် အမျိုး သား ၂ ဦးနှင့်အမျိုးသမီး ၇ ဦး(စုစုပေါင်း ၉ ဦး) အား စေတနာမွန်လူမှုကူညီရေးအသင်း(အုန်းချော)နှင့်မိတ်ဖက်အသင်းများက မြေပြင်ကုသမှုများပြု လုပ်ပေးပြီးနောက် မန္တလေးပြည်သူ့ဆေး ရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

Photo-စေတနာမွန်လူမှုကူညီရေးအသင်း(အုန်းချော)


LEAVE A REPLY

Please enter your comment!
Please enter your name here