ပြင်ဦးလွင်တွင် အိမ်စီးကားမှ ဆိုင်ကယ်နှင့် ဓါတ်တိုင်ကို ဆင့်တိုက်မိကာ လူ (၂) ဦး ဒဏ်ရာရ

0
113

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး(၆)၊ချယ်ရီလမ်းတွင် အိမ်စီးကားမှ ဆိုင်ကယ်နှင့် ဓါတ်တိုင်ကို ဆင့်တိုက်မိခဲ့ခြင်းဖြစ်ပြီး အဆိုပါ ယာဉ်တိုက်မှုကြောင့် လူ (၂) ဦး ဒဏ်ရာရခဲ့ကြောင်း သိန္တိသုခအခမဲ့ လူမှူကူညီရေး အသင်းမှ သိရသည်။

ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး (၆)၊ ချယ်ရီလမ်းရှိ အီလက်ထရောနစ်ဆိုင်ရှေ့တွင် အောက်တိုဘာ (၂၁) ရက် ညပိုင်းက အိမ်စီးကား တစ်စီးမှ ဆိုင်ကယ်အား ဖြတ်တိုက်ပြီး ဓာတ်တိုင်ကို ထပ်မံတိုက်မိခဲ့ခြင်းဖြစ်သည်။

အဆိုပါ ယာဥ်တိုက်မှုကို နီးစပ်ရာတာဝန်သိသူများမှအသင်း သို့ အသိပေးအကြောင်းကြားပါသဖြင့် ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီးနှင့် လူနာတင်ယာဉ် (၂)စီးဖြင့် ထွက်ခွာကူညီခဲ့ကြောင်း သိရသည်။

ဖြစ်စဥ်အရ ဒဏ်ရာရလူနာ (၂)ဦးအနက် (၁)ဦးမှာ စိုးရိမ်ရ အခြေနေဖြစ်သည့်အတွက် လူနာ(၂)ဦးအား မြေပြင်ကုသမှုများ ဆောင်ရွက်ပြီး အခင်းဖြစ်ရာနေရာမှ ပြည်သူ့ဆေးရုံကြီး အရေးပေါ်ဌာနသို့ အချိန်မီပို့ဆောင်ကူညီခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here