ငါန်းဇွန်မြို့နယ်တွင် အငြိမ်းစားမူလတန်းကျောင်းအုပ်ဆရာကြီးတစ်ဦး ပ-စ်ခ-တ်ခံရ၍‌ေ-သဆုံး

0
134

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ ညောင်ပင်ရိုးကျေးရွာတွင် အငြိမ်းစား မူလတန်းကျောင်းအုပ်ဆရာ တစ်ဦးဖြစ်သူ ဦးအောင်ဆန်း (၆၂) နှစ်သည် အောက်တိုဘာ (၂၁) ရက်နံနက်ပိုင်းက ပ-စ်ခ-တ်ခံခဲ့ရကြောင်း သိရသည်။

ယမန်နေ့နံနက် (၈) နာရီခန့်က အမည်မသိအမျိုးသား (၄) ဦးသည် ဆိုင်ကယ်များဖြင့် ငါန်းဇွန်မြို့နယ်၊ညောင်ပင်ရိုးကျေးရွာနေ မူလတန်းကျောင်းအုပ်ဆရာ(ငြိမ်း)ဦးအောင်ဆန်း၏ နေအိမ်သို့ရောက်ရှိလာကာ ဦးအောင်ဆန်းအား ‌ေ-သနတ်ဖြင့်ပ-စ်ခ-တ်၍ မောင်းနှင်ထွက်ပြေးသွားခဲ့ကြကြောင်း သိရသည် ။

ထိုသို့ ပ-စ်ခ-တ်ခံရမှုကြောင့် ဦးအောင်ဆန်းသည် ဦးခေါင်း၌ ကျည်ဖောက်ဝင်ဒဏ်ရာရရှိကာ အခင်းဖြစ်နေရာ၌ ‌ေ-သဆုံးသွားခဲ့ကြောင်း သိရသည်။

ဖြစ်စဥ်အား လုံခြုံရေးအဖွဲ့ဝင်များက စစ်ဆေးမှုများပြုလုပ်၍ ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးနှင့် ဥပဒေအရ ထိရောက်စွာအရေးယူနိုင်ရေးတို့အတွက် ပိတ်ဆို့ရှာဖွေမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here