အွန်လိုင်းချေးငွေ App အတုများကို မှုခင်းရဲတပ်ဖွဲ့သတိပေး

0
940

အွန်လိုင်းမှတဆင့် ချေးငွေအမည်ခံ ငွေကြေးလိမ်လည်နေသည့် အက်ပလီကေးရှင်းအတုများကို သတိပြုကြရန် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မှုခင်းရဲတပ်ဖွဲ့မှ သတိပေးထားသည်။

“အွန်လိုင်းချေးငွေအမည်ခံထားတဲ့ အပလီကေးရှင်းတွေကို ဒေါင်းလုတ်ဆွဲလိုက်ရင် ကိုယ်ချေးချင်တဲ့ပမာဏရဲ့ ၇၅ ရာခိုင်နှုန်းကို ပေးပို့ပါတယ်။ ဒါပေမဲ့လည်း သူကအဲဒီလို ငွေလွှဲမပေးပို့ခင် အချက် (၇) ချက်ပေးရပါတယ်။ အဲဒါကို သဘောတူလိုက်မယ်ဆိုရင် အသုံးပြုသူတွေအနေနဲ့ ထိခိုက်နိုင်ပါတယ်”ဟုမြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မှုခင်းရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက နိုင်ငံပိုင်မီဒီယာသို့ ပြောကြားထားသည်။

အဆိုပါ အက်ပလီကေးရှင်းများကို Download ဆွဲဝင်လိုက်ပါက အသုံးပြုသူ၏ မိုဘိုင်းဖုန်းတွင်ပါသည့် ကင်မရာ၊ ဖုန်းနံပါတ်၊ တည်နေရာ၊ အီးမေးလ်နှင့် လူမှုကွန်ရက်အကောင့်များအပါအဝင် အချက် (၇) ချက်ကို အသုံးပြုခွင့်ပေးရန် တောင်းဆိုချက် (Permissions)များကို လက်ခံခိုင်းကြောင်း သိရသည်။

၎င်းတို့၏ တောင်းဆိုချက်များကို အသုံးပြုသူအနေဖြင့် လက်ခံလိုက်ပါက အသုံးပြုသူ၏ ကိုယ်ရေးအချက်အလက်အားလုံး အက်ပလီကေးရှင်းမှတဆင့် သိရှိသွားနိုင်ပြီး အသုံးပြုသူ၏ ဖုန်းထဲရှိ ဓာတ်ပုံ၊ ဗီဒီယို၊ ဖုန်းခေါ်ဆိုမှုမှတ်တမ်း၊ ဖုန်းနံပါတ်များ၊ အီးမေးလ်နှင့် လူမှုကွန်ရက်အကောင့်များ၊ Mobile Banking အကောင့်နှင့် တည်နေရာများကိုပါ အက်ပလီကေးရှင်းရေးဆွဲထားသူမှ သိရှိသွားနိုင်သည့်အတွက် လိမ်လည်ခြိမ်းခြောက်ငွေတောင်းခံခြင်း အပါအဝင် အသက်အန္တရာယ်ကိုပါ ထိခိုက်နိုင်သည်အထိဆိုးရွားနိုင်ကြောင်း ၎င်းကဆိုသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here