အရက် အလွန်အကျွံသောက်ကာ ကွန်ကရစ်ကြမ်းပြင်ပေါ်တွင် အိပ်မိရာမှ မလေးရှားရောက် မြန်မာနိုင်ငံသားတစ်ဦး ‌ေ-သဆုံး

0
208

မလေးရှားနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသော မြန်မာနိုင်ငံသား တစ်ဦးသည် အရက်အလွန်အကျွံသောက်ကာ ကြမ်းပြင်ကွန်ကရစ် ကြမ်းပြင်ပေါ်တွင် အိပ်မိရာမှ ‌ေ-သဆုံးခဲ့သည့် ဖြစ်ပွားခဲ့ကြောင်း မြန်မာလူမှုကူညီရေးအသင်း (မလေးရှား)မှ သိရသည်။

‌ေ-သဆုံးသူ ကိုကျော်သူရမှာ မလေးရှားနိုင်ငံ၊ စလန်းကောပြည်နယ်၊ ပူချွန်းမြို့၊ မာကျု့ဂျာယာရပ်ကွက်အနီးရှိ စက်ရုံတွင် အလုပ်လုပ်ကိုင်သူဖြစ်ပြီး အောက်တိုဘာ (၂၁) ရက် ညပိုင်းက အရက်အလွန်အကျွံသောက်ကာ အပူဒဏ်ကို မခံနိုင်သဖြင့် ကွန်ကရစ်ကြမ်းပြင်ပေါ် အိပ်ရာမှ ‌ေ-သဆုံးခဲ့ခြင်းဖြစ်သည်။

၎င်း ‌ေ-သဆုံးနေသည်ကို သူငယ်ချင်းများမှ ယနေ့ အောက်တိုဘာ (၂၂) ရက်နံနက်ပိုင်းတွင် သိရသဖြင့် မြန်မာလူမှုကူညီရေး အသင်း (မလေးရှား)ထံသို့ ဆက်သွယ်အကူအညီတောင်းခံခဲ့ခြင်းဖြစ်သည်။

“မနေ့ညက အရက်အလွန်အကျွံသောက်မိပြီး ရင်ထဲက ပူလောင်တဲ့ ဒဏ်ကို မခံနိုင်လို့ ကြမ်းပြင်ကွန်ကရစ်ပေါ် အိပ်မိပြီး ‌ေ-သဆုံးခဲ့ရတာလို့ ဒီနေ့ သူ့ သူငယ်ချင်းတွေ အကြော င်းကြားလို့ သိရတယ်။ မိသားစုများနဲ့ ထပ်တူ ထပ်မျှ ဝမ်းနည်းမိပါသည်”ဟု မြန်မာလူမှုကူညီရေးအသင်း (မလေးရှား)မှ ပြောဆိုထားသည်။

မြန်မာလူမှုကူညီရေး အသင်း (မလေးရှား)မှ လိုအပ်သည်များ ချက်ချင်းစီစဉ်ကာ အလောင်းအား မလေးရှားနိုင်ငံ စာန်းဆေးရုံကြီးသို့ ပို့ဆောင်ကူညီခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here