အင်္ဂလန်ဝါရင့်ဘောလုံးကစားသမားကြီးတစ်ဦးဖြစ်သူ ဘော်ဘီချာလ်တန်ကွယ်လွန်

0
282

ဘောလုံးလောက၏ အကြီးကျယ်ဆုံးကစားသမားများထဲမှ တစ်ဦးအဖြစ် အများက သတ်မှတ်ထားသော ဆာဘော်ဘီချာလ်တန်သည် အသက် ၈၆ နှစ်အရွယ်တွင် ကွယ်လွန်သွားခဲ့ပြီဖြစ်‌ကြောင်းသိရသည်။

“စနေနေ့ မနက်အစောပိုင်းမှာ ဆာဘော်ဘီဟာ နေအိမ်မှာပဲငြိမ်းချမ်းစွာကွယ်လွန်သွားတာဖြစ်ပါတယ်။ဒီလိုသတင်းကို ထုတ်ပြောရတဲ့အတွက်လည်း စိတ်မကောင်းဖြစ်မိပါတယ်” ဟု ၎င်းမိသားစု၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ 

မစ္စတာချာလ်တန်သည် အင်္ဂလန်၏ ၁၉၆၆ ခုနှစ်ကမ္ဘာ့ဖလားအောင်ပွဲ၌ အဓိကကျသော ပုဂ္ဂိုလ်တစ်ဦးဖြစ်ပြီး မန်ချက်စတာယူနိုက်တက်အသင်း၏ ကြယ်ပွင့်တစ်ဦးလည်းဖြစ်ခဲ့သည်။ 

၎င်းသည် အင်္ဂလန်အသင်းအတွက် ပွဲစဉ် ၁၀၆ ပွဲကစားခဲ့ပြီး ၄၉ ဂိုး သွင်းယူနိုင်ခဲ့ကာ အင်္ဂလန်နိုင်ငံအတွက်စံချိန်တင်နိုင်ခဲ့သူတစ်ဦးလည်းဖြစ်သည်။ 

ချာလ်တန်သည် မန်ချက်စတာယူနိုက်တက်အသင်းနှင့်အတူ လိဂ်ဖလားသုံးကြိမ်၊ဥရောပဖလားနှင့် အက်ဖ်အေဖလားတစ်ကြိမ်တို့ကိုလည်း ဆွတ်ခူးနိုင်ခဲ့သေးကြောင်းသိရသည်။

Source : သည်ဂါးဒီးယန်း


LEAVE A REPLY

Please enter your comment!
Please enter your name here