ပုလောမြို့နယ်အတွင်း ၁၄၂၄ ဧကကို ပြင်ဘုကြီး (၂) ဒီရေတောကြိုးပြင်ကာကွယ်တောအဖြစ်သတ်မှတ်

0
264

တနင်္သာရီတိုင်း၊ပုလောမြို့နယ်အတွင်းကျရောက်သည့် ၁၄၂၄ ဧကရှိသောနယ်မြေကို ပြင်ဘုကြီး (၂) ဒီရေတောကြိုးပြင်ကာကွယ်တောအဖြစ် အောက်တိုဘာ ၂၀ ရက်မှစတင်၍ သတ်မှတ်ခဲ့ကြောင်း သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ ထုတ်ပြန်ခဲ့သည်။

ထိုသို့ သတ်မှတ်ခြင်းအား သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ ၂၀၁၈ ခုနှစ်၊သစ်တောဥပဒေပုဒ်မ ၆၊ပုဒ်မခွဲ(င)အရ အ မိန့်ကြော်ငြာစာအမှတ်(၁၂၆/၂၀၂၃)ဖြင့် ထုတ် ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။

ဒီရေတောဂေဟစနစ်ရေရှည်တည်တံ့စေရန်၊ဇီဝမျိုးစုံမျိုးကွဲပေါကြွယ်ဝစေရန်၊လှိုင်းဒဏ်၊လေ မုန်တိုင်းဒဏ်ခံစားရမှုများအား သဘာဝတံတိုင်းကြီးများသဖွယ်ကာကွယ်ရန်၊ဒေသခံများအတွက် သား၊ငါး၊ပုစွန် ရေသယံဇာတများစဉ်ဆက်မပြတ် ထုတ်ယူသုံးစွဲနိုင်ရန်နှင့်ဒီရေတောဂေဟစနစ် စီမံအုပ်ချုပ်မှုပိုမိုကောင်းမွန်လာစေရန်ရည်ရွယ်၍ ဒီ ရေတောကြိုးဝိုင်း/ကြိုးပြင်ကာကွယ်တောများ ဖွဲ့စည်းသတ်မှတ်ခဲ့ခြင်းဖြစ်သည်။

ပြင်ဘုကြီး(၂) ဒီရေတောကြိုးပြင်ကာကွယ်တော သတ်မှတ်ခြင်းကြောင့် အဓိက ဒီရေတောသစ် မျိုးများဖြစ်သည့် ဗြူးခြေထောက်၊ဗြူးအုပ် ဆောင်း၊ဗြူးရွှေဝါ၊သမဲ့ကြီး၊ကျန၊ပင်လယ်အုန်းအဖိုးတန်သစ်မျိုးများနှင့် လမု၊လဘ၊သမဲ့ဖြူနှင့်ဓနိပင် ဒေသမျိုးရင်း ဒီရေတောသစ်မျိုးများအား ထိန်းသိမ်းနိုင်မည်ဖြစ်သည်။

ထို့အတူ အင်းကျား၊ကျားပြောက်၊တောကြောင်၊မျောက်တံငါ၊ဖွတ်၊ဖျံ၊မြွေနှင့်သစ်တောက်ငှက်၊သိမ်း၊စင်ရော်၊ကြက်တူရွေး၊ပျံလွှား၊ဒီးဒုတ်ငှက်မျိုးများ၏ နေရင်းဒေသအား ထိန်းသိမ်းနိုင်မည်ဖြစ်ကာ သား၊ငါး၊ပုစွန်ရေနေသတ္တဝါများ ရှင်သန်ပေါက်ဖွားသော အဏ္ဏဝါဂေဟစနစ်ပိုမိုကောင်း မွန်လာစေခြင်းနှင့်သဘာဝဘေးအန္တရာယ်မှ ကာကွယ်ပေးနိုင်ခြင်းအကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here