ရှမ်းပြည်နယ်ဗုဒ္ဓတက္ကသိုလ်၏
ကမ္ဘာ့ဗုဒ္ဓသာသနာပြု(အောက်စဖိုဒ်) ဆရာတော်အား နစက ဥက္ကဋ္ဌဖူးမြှော်ကြည်ညို

0
190

၂၀၀၄ ခုနှစ်က Oriental Institute,University of Oxford မှပါရဂူဘွဲ့ရရှိခဲ့သည့် ရှမ်းပြည်နယ် (တောင်ပိုင်း)၊တောင်ကြီးမြို့၊ပန်းတင်ကျေးရွာ အုပ်စု၊ဘုရားဖြူရပ်ကွက်ရှိ ရှမ်းပြည်နယ်ဗုဒ္ဓတက္ကသိုလ်၏ ကမ္ဘာ့ဗုဒ္ဓသာသနာပြု(အောက်စဖိုဒ်)ဆရာတော်အား နစက ဥက္ကဋ္ဌနှင့်ဇနီးတို့မှ အောက်တိုဘာ ၂၂ ရက်မွန်းလွဲပိုင်းက ဖူးမြော်ကြည်ညိုခဲ့ကြသည်။

ကမ္ဘာ့ဗုဒ္ဓသာသနာပြု(အောက်စဖိုဒ်)ဆရာတော် ဒေါက်တာဘဒ္ဒန္တ ဓမ္မသာမိထံမှ နစက ဥက္ကဋ္ဌနှင့်ဇနီး၊
ဧည့်ပရိသတ်များက ငါးပါးသီလခံယူဆောက်တည်ကာ ဆရာတော်၊သံဃာတော်များက ပရိတ်တရားတော်များကို ရွတ်ပွားသရဇ္ဈယ်တော်မူခဲ့ကြသည်။

ထို့နောက် နစက ဥက္ကဋ္ဌနှင့်ဇနီးတို့မှ ဆရာတော်ထံ ပိဋကတ်သုံးပုံအား ပါဠိအက္ခရာ၊ Romanize Language တို့ဖြင့်ရိုက်နှိပ်ထားသည့် ပိဋကတ်သုံးပုံကျမ်းစာအုပ်များ၊မာရဝိဇယရုပ် ပွားတော်မြတ်ပုံစံတူရုပ်ပွားတော်၊လှူဖွယ်ပစ္စည်းများနှင့်နဝကမ္မအလှူငွေများကို ပေးအပ်လှူဒါန်းခဲ့ကြသည်။

ဆရာတော်မှလည်း နစက ဥက္ကဋ္ဌနှင့်ဇနီးတို့အား ဆရာတော်ကြီးကိုယ်တိုင်ရေးသား ပြုစုထားတော်မူသည့် ဓမ္မစာအုပ်များကို ဓမ္မလက်ဆောင်အဖြစ် ပြန်လည်ပေးအပ်ချီးမြှင့်ခဲ့ကာ လှူဒါန်းမှုအစုစုအတွက် အနုမောဒနာတရား နာယူကြည်ညိုကြပြီး ရေစက်သွန်းချအမျှပေးဝေခဲ့ကြကြောင်း သိရသည်။

ထို့နောက် နစက ဥက္ကဋ္ဌနှင့်ဇနီးတို့မှ ဗုဒ္ဓတက္ကသိုလ်အတွင်း၌ မဟော်ဂနီပင်ကို အမှတ်တရစိုက်ပျိုးရာ သံဃာတော်များက မေတ္တာပို့တရားတော်များကို ရွတ်ဖတ်သရဇ္ဈယ်ပေးတော်မူခဲ့ကြသည်။

ရှမ်းပြည်နယ်ဗုဒ္ဓတက္ကသိုလ်ကို ဦးဆောင်တည် ထောင်သူ ဆရာတော်ဒေါက်တာ ဘဒ္ဒန္တ ဓမ္မသာမိအား ၁၉၆၄ ခုနှစ်တွင် ရှမ်းပြည်နယ်၊လဲချားမြို့၊နောင်ပန်ကျေးရွာတွင်မွေးဖွားခဲ့ပြီး သက်တော် ၆ နှစ်၌ လဲချားမြို့၊သီရိမင်္ဂလာအုဋ်ကျောင်းဆရာတော်ထံတွင် ရှင်သာမဏေအဖြစ်သို့ရောက်ရှိခဲ့သည်။

သက်တော် ၁၉ နှစ်တွင် ရဟန်းအဖြစ်သို့ရောက်ရှိကာ မြန်မာနိုင်ငံရှိ ဗုဒ္ဓဘာသာဆိုင်ရာတက္ကသိုလ်များ၊နိုင်ငံတကာ ဗုဒ္ဓဘာသာဆိုင်ရာတက္ကသိုလ်များတွင် ထူးချွန်ဆုများအသီးသီးရရှိခဲ့ပြီး ၂၀၀၄ ခုနှစ်တွင် Oriental Institute,University of Oxford မှပါရဂူဘွဲ့ကိုရရှိခဲ့ပြီးနောက် ကမ္ဘာ့နိုင်ငံအသီးသီးသို့ အလျဉ်းသင့်သလို ကြွရောက်၍ နိုင်ငံတကာတက္ကသိုလ်များ၊ကောလိပ်များတွင် သာသနာပြုတာဝန်များကို ထမ်းဆောင်တော်မူခဲ့သည်။

ထို့နောက် ရှမ်းပြည်နယ်ဗုဒ္ဓတက္ကသိုလ်အား ၂၀၁၆ ခုနှစ်၊ဖေဖော်ဝါရီ ၇ ရက်တွင် တည်ထောင်ဖွင့်လှစ်ခဲ့ပြီး မြန်မာနိုင်ငံအတွင်း ဗုဒ္ဓဘာသာပ ညာရေးကဏ္ဍကို ကမ္ဘာ့တက္ကသိုလ်ကြီးများကဲ့သို့ ဗုဒ္ဓဘာသာအတွေးအခေါ်များ၊တရားဓမ္မများကို နိုင်ငံတကာအဆင့်မီ သုတေသနပြုလေ့လာသင် ကြားပို့ချနိုင်သည့် တက္ကသိုလ်ကြီးအဖြစ် ဖြစ် ထွန်းလာစေရန် အားသွန်ခွန်စိုက်ကြိုးပမ်းတော်မူလျက်ရှိသည်။

ထို့အတူ ဗုဒ္ဓသာသနာတော်ထွန်းကားပြန့်ပွားရေးဆိုင်ရာ စာပေများကို အင်္ဂလိပ်ဘာသာ၊မြန်မာ ဘာသာ၊ရှမ်းဘာသာတို့ဖြင့် ရေးသားပြုစုထုတ်ဝေခြင်း၊ဘာသာပြန်ဆိုခြင်းတို့ကိုလည်း လုပ် ဆောင်ကာ ဘာသာသာသနာတော်အကျိုးကို ကြိုးပမ်းအားထုတ်ဖော်ဆောင်တော်မူလျက်ရှိသည်။

ဆရာ​တော်သည် မြန်မာ၊ရှမ်း၊အင်္ဂလိပ်၊ပါဠိ၊ထိုင်း ဘာသာတို့ကို အ​ရေး၊အဖတ်၊အ​ပြော ရပြီး သီရိလင်္ကာ၊လာအို စကားကို အ​ရေး အဖတ် အ​ပြော မရ​သော်လည်း နား​ထောင်ရာ၌နားလည်နိုင်သည့်ပုဂ္ဂိုလ်ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here