ကမာကြည်တံတားပေါ် ကားတစ်စီးမှ ရပ်ထားသော ကားနှင့် စက်ဘီးအား ဝင်တိုက်မိရာ အမျိုးသား ၂ ဦး ထိခိုက်ဒဏ်ရာရ

0
150

ရန်ကုန်တိုင်းဒေသကြီး သာကေတမြိုနယ် ကမာကြည်တံတားပေါ်တွင် ကားတစ်စီးမှ ရပ်ထားသော ကားနှင့် စက်ဘီးအား ဝင်တိုက်မိရာ အမျိုးသား ၂ ဦး ထိခိုက်ဒဏ်ရာရမိမှုဖြစ်ပွားခဲ့ကြောင်း သာကေတမြို့နယ် လူမှူကူညီရေးအဖွဲ့မှ သိရသည်။

သာကေတမြို့နယ် ကမာကြည်လမ်းမကြီး ကမာကြည်တံတားပေါ် အောက်တိုဘာ ၂၂ ရက် ည ၇ နာရီခွဲခန့်က ယာဉ်တိုက်မှု ဖြစ်ပွားပြီး ထိခိုက်ဒဏ်ရာရသူများရှိကြောင်း ပြည်သူများ အကြောင်းကြားချက်အရ သာကေတမြို့နယ်လူမှုကူညီရေးအဖွဲ့မှ သွားရောက်ကူညီခဲ့ကြောင်း သိရသည်။

“ကမာကြည်တံတားပေါ် ကားတစ်စီးက ရပ်ထားတဲ့ ကားနဲ့ စက်ဘီးကို ဝင်တိုက်မိလို့ ထိခိုက်ဒဏ်ရာရသူတွေရှိတယ်ဆိုပြီး ပြည်သူတွေအကြောင်းကြားလို့ အချိန်နဲ့ တပြေးညီထွက်ခွာကူညီခဲ့တယ်။ စက်ဘီးစီးလာသူကိုတော့ မိတ်ဖက်ပရဟိတအသင်းတွေနဲ့ ပူးပေါင်းလို့ မြေပြင်ကုသမှုပေးပြီး ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ကူညီပေးခဲ့တယ်။”ဟု သာကေတမြို့နယ်လူမှုကူညီရေးအဖွဲ့မှ ပြောဆိုထားသည်။

အခင်းဖြစ်ပွားရာအရောက် ကားတစ်စီးမှ ရပ်ထားသော ကားနှင့် စက်ဘီးအား ဝင်တိုက်မိခြင်းဖြစ်ပြီး စက်ဘီးစီးလာသူ အသက်(၄၀)နှစ်ဝန်းကျင်ခန့် အမျိုးသားမှာ ဦးခေါင်းနှင့် ခြေထောက်ထိခိုက်ဒဏ်ရာရခဲ့ပြီး ၎င်းကို မြေပြင်ကုသမှုပေးကာ အောင်မင်္ဂလာလူမှုကူညီရေးအသင်း လူနာတင်ယာဉ်ဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ထို့အတူ အသက်(၅၀)နှစ် ဝန်းကျင်ခန့် အမျိုးသား လူနာ မေးစေ့ဒဏ်ရာရအား မြင့်မြတ်အားမာန် လူမှုကူညီရေးအသင်း လူနာတင်ယာဉ်ဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here