မဲခေါင်ဒေသအတွင်း နိုင်ငံများကြား ဖွံ့ဖြိုးတိုးတက်မှုကွာဟချက်ကိုလျှော့ချရန် ရှမ်းပြည်နယ်တိုင်းရင်းသားရေးရာနှင့်သက်မွေးပညာသင်တန်းစင်တာတည်ဆောက်လျက်ရှိ

0
287

ရှမ်းပြည်နယ်၊တောင်ကြီးမြို့နယ်၊အေးသာယာမြို့၌ ရှမ်းပြည်နယ်တိုင်းရင်းသားရေးရာနှင့်သက်မွေးပညာသင်တန်းစင်တာအား ၂၀၂၂ ခုနှစ်မှစတင်ကာ တည်ဆောက်လျက်ရှိသည်။

ထိုသို့ တည်ဆောက်နေမှုအား နစက ဥက္ကဋ္ဌမှ အောက်တိုဘာ ၂၂ ရက်နံနက်ပိုင်းက ကြည့်ရှုစစ်ဆေးရာ တိုင်းရင်းသားရေးရာဝန်ကြီးဌာန ဒု-ဝန်ကြီးဦးဇော်အေးမောင်က ရှင်းလင်းတင်ပြခဲ့သည်။

နစက ဥက္ကဋ္ဌကသင်တန်းစင်တာသို့ ဝင်/ထွက်သည့်လမ်းများစနစ်တကျရှိစေရေး၊ပတ်ဝန်းကျင်သန့်ရှင်းသာယာလှပမှုရှိစေရေး၊သင်တန်းများဖွင့်လှစ်ချိန်တွင် သင်တန်းသားများ၏ နေထိုင်စားသောက်ရေးအတွက် ကြိုတင်စီမံဆောင်ရွက်ထားရှိရန်တို့အား မှာကြားခဲ့သည်။

ထို့နောက် နစက ဥက္ကဋ္ဌမှ တိုင်းရင်းသားရေးရာနှင့်သက်မွေးပညာသင်တန်းစင်တာဆောက်လုပ်နေမှုများကိုကြည့်ရှုစစ်ဆေးပြီး အဆောက်အဦအားစံချိန်စံညွှန်းသတ်မှတ်ချက်များနှင့်အညီ စနစ်တကျတည်ဆောက်ရန်၊သတ်မှတ်ကာလအတွင်းပြီးစီးနိုင်ရေးနှင့်အရည်အသွေးပြည့်မီစွာတည်ဆောက်ရန် မှာကြားခဲ့သည်။

ရှမ်းပြည်နယ် တိုင်းရင်းသားရေးရာနှင့်သက်မွေးပညာသင်တန်းစင်တာအား ရှမ်းပြည်နယ်အတွင်းနေထိုင်သည့် တိုင်းရင်းသားလူမျိုးများ၏ လူမှုစီးပွားဘဝတိုးတက်မြင့်မားစေရန်အတွက် အသက်မွေးဝမ်းကျောင်းသင်တန်းများ ဖွင့်လှစ်ပို့ချပေးရန်၊တိုင်းရင်းသားလူမျိုးများ၏ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းများကို အချင်းချင်းဖလှယ်နိုင်ရန်၊ တိုင်းရင်းသားများ၏ ဒေသအတွင်းတည်ငြိမ်အေးချမ်းရေး၊တရားဥပဒေစိုးမိုးရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးတို့ကိုအထောက်အကူပြုစေရန်နှင့်မဲခေါင်ဒေသအတွင်း နိုင်ငံများကြား ဖွံ့ဖြိုးတိုးတက်မှုကွာဟချက်ကိုလျှော့ချရန်ရည်ရွယ်၍ တည်ဆောက်လျက်ရှိခြင်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here