၂၀၄၀ ခုနှစ်တွင် လပေါ်ခြေချနိုင်ရန် အိန္ဒိယမျှော်မှန်း

0
270

အိန္ဒိယအာကာသယာဉ်မှူးများအား ၂၀၄၀ ခုနှစ်တွင် လမျက်နှာပြင်ပေါ်သို့ ခြေချနိုင်ရန် အိန္ဒိယအစိုးရက မျှော်မှန်းထားကြောင်းသိရသည်။

ထို့အပြင် ကမ္ဘာကိုပတ်နေမည့် အာကာသစခန်းတစ်ခုကို ၂၀၃၅ ခုနှစ်တွင် တည်ဆောက်ရန်ကိုလည်း စီစဉ်နေသည်။

ယင်း အစီအစဉ်များကို ဝန်ကြီးချုပ် နာရန်ဒရာမိုဒီကိုယ်တိုင် လမ်းညွှန်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။

အိန္ဒိယနိုင်ငံမှ လွှတ်တင်ခဲ့သည့် ချန်ဒရာယန်-၃ လဆင်းယာဉ်သည် ပြီးခဲ့သည့် ဩဂုတ်လ ၂၃ ရက်နေ့က လမျက်နှာပြင်ပေါ်သို့ အောင်မြင်စွာ ဆင်းသက်နိုင်ခဲ့ပြီး အိန္ဒိယနိုင်ငံ၏ အာကာသလေ့လာရေး သမိုင်းသစ်ကိုဖွင့်လှစ်ခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here