ဘင်္ဂလား ပင်လယ်အော်တွင် ဖြစ်ပေါ်နေသည့် မုန်တိုင်းငယ် မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေ မရှိကြောင်း မိုး/ဇလ ထုတ်ပြန်

0
254

ဘင်္ဂလား ပင်လယ်အော် အနောက်အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသည့် မုန်တိုင်းငယ် (Depression)မှာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေ မရှိသည့်အတွက် အဝါရောင်အဆင့်သတ်မှတ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက အောက်တိုဘာ (၂၂) ရက် ညပိုင်းက ထုတ်ပြန် အသိပေးထားသည်။

လက်ရှိတွင် အဆိုပါ မုန်တိုင်းငယ် (Depression)သည် မြောက်- အရှေ့မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး ပိုမိုအားကောင်းလာကာ အားကောင်းသော မုန်တိုင်းငယ် (Deep Depression) အဖြစ်သို့ ရောက်ရှိခဲ့ကြောင်း မိုး/ဇလက ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ အားကောင်းသော မုန်တိုင်းငယ်(Deep Depression)မှာ မြန်မာနိုင်ငံ၊ ဟိုင်းကြီးကျွန်းမြို့အနောက်ဘက် ရေမိုင် (၄၆၀)မိုင်ခန့်၊ သံတွဲမြို့ အနောက်-အနောက်တောင်ဘက် ရေမိုင်(၄၇၅)မိုင်ခန့်၊ စစ်တွေမြို့ အနောက်တောင်ဘက် ရေ မိုင် (၄၄၀)မိုင်ခန့်၊အိန္ဒိယနိုင်ငံ၊ပါရာဒစ်မြို့(Paradip)၏တောင်ဘက် ရေမိုင် (၂၄၅) မိုင်ခန့်၊ ဒီဂါမြို့(Digha) တောင်- အနောက်တောင်ဘက် ရေမိုင် (၃၃၀)မိုင်ခန့်နှင့် ဘင်္ဂလားဒေရှ့်နိုင်ငံ၊ ခီပူပါရာမြို့(Khepupara)၏ တောင်- အနောက်တောင်ဘက် ရေမိုင် (၄၁၀)မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေကြောင်း မိုး/ဇလ ထုတ်ပြန်ချက်အရ သိရသည်။

ထို့ကြောင့် အားကောင်းသော မုန်တိုင်းငယ် (Deep Depression)၏ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေမရှိကြောင်း အသိပေးထားခြင်း ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here