သီတင်းကျွတ်ကာလ ပုဂံဒေသသို့ ဝင်ရောက်မည့် ခရီးသွားဧည့်သည် များပြားမှုကြောင့် ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်း အားလုံး၏ ၉၉ ရာခိုင်နှုန်းနီးပါး ပြည့်နေပြီဟုဆို

0
291

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ သီတင်းကျွတ်ကာလတွင် လာရောက်လည်ပတ်မည့် ခရီးသွားဧည့်သည်များပြားနိုင်ပြီး လက်ရှိတွင် ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်းများ အားလုံး၏ (၉၉) ရာခိုင်နှုန်းပြည့်နေပြီဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ပုဂံရုံးခွဲမှ သိရသည်။

ပြီးခဲ့နှစ်သည့် သီတင်းကျွတ်ရုံးပိတ်ရက်တွင် ပုဂံဒေသသို့ လာရောက်လည်ပတ်သည့် ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်ဝင်ရောက်မှုအနေဖြင့် တစ်ရက်လျှင် ဘုရားဖူး ၅၀၀၀၀ ကျော်မှ ၁ သိန်းခွဲကျော်အထိ လာရောက်လည်ပတ်မှုရှိခဲ့ကြောင်း သိရသည်။

ယခုနှစ်တွင်လည်း ယင်းကဲ့သို့ လာရောက်လည်ပတ်မည့် ပြည်တွင်း ၊ ပြည်ပ ခရီးသွားဧည့်သည်များအနေဖြင့် အောက်တိုဘာ (၂၇) ရက်မှ (၂၉) ရက်အထိ ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်းများတွင် အခန်းကြိုတင်မှာယူထားမှုများရှိကြောင်း သိရသည်။

ပုဂံဒေသသို့ နေ့စဉ်ဘုရားဖူး ဝင်ရောက်မှုမှာ ၁၅၀၀ ဦးခန့်ရှိနေပြီး ရုံးပိတ်ရက် ရက်ရှည်ဖြစ်သည့် သီတင်းကျွတ်နှင့်တန်ဆောင်မုန်းလများတွင် ဘုရားဖူးအရေအတွက်မှာ ပိုမိုများပြားလျက်ရှိကြောင်း သိရသည်။

ပုဂံရှေးဟောင်း ယဉ်ကျေးမှုဒေသတွင် ပြည်တွင်း ပြည်ပခရီးသွားများ လာရောက်လည်ပတ်ရန် ခရီးစဉ်ဒေသ ၇ ခုကိုထပ်မံဖော်ဆောင်ထားကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here