မြိတ်ကျွန်းစု ခရီးစဥ်များ သီတင်းကျွတ်ရာသီတွင် ပြန်လည်ပတ်မည်

0
535

ကိုဗစ်ကာလတွင် ရပ်နားထားသည့် မြိတ်ကျွန်းစုခရီးသွားလုပ်ငန်းများကို အောက်တိုဘာလကုန်တွင် ပြန်စမည်ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းဦးစီးဌာနမှ သိရသည်။

“ကျွန်းခရီးစဉ်တွေ စတင်ပြေးဆွဲတော့မှာပါ။ ပြီးခဲ့တဲ့ရက်ပိုင်းက မြိတ်ခရိုင်ခရီးသွားလုပ်ငန်းရှင်များအသင်းက ကျွန်းတွေကို သွားရောက်ပြီး ခရီးသည်ပို့ဆောင်ပေးမယ့် ကျွန်းတွေကို လေ့လာမှုတွေ လုပ်ခဲ့ပြီးပါပြီ။ ခရီးသွားကုမ္ပဏီက (၂၀) လောက်ရှိပါတယ်။ အဲဒီထဲမှာ ရှစ်ခုလောက်က သီတင်းကျွတ်ရာသီကနေစတင်ပြီး ဝန်ဆောင်မှုပေးတော့မှာပါ” ဟု မြိတ်ခရိုင်ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

မြိတ်ကျွန်းစုအတွင်းရှိ နာမည်ကြီးသည့် ကျွန်းခရီးစဉ်များ လည်ပတ်နိုင်ရန်အတွက် လေးကျွန်း၊ သမီးလှ၊ ဒုံးရေတံခွန်၊ ဒုံးညောင်မှိုင်း၊ စမတ်ကျွန်း၊ ပဒန်းကျွန်း၊ ကြယ်လိပ်၊ ဘေလီစတဲ့ ခရီးစဥ်များကို စီစဉ်ထားပြီး ခရီးစဉ်နှုန်းထားများမှာ လူတစ်ဦးလျှင် ငွေကျပ် နှစ်သိန်းမှ သုံးသိန်းခွဲအထိ သတ်မှတ်ထားကြောင်း သိရသည်။

လာမည့် အောက်တိုဘာလ နောက်ဆုံးပတ်မှစတင်ပြီး လုပ်ငန်းများပြန်လည် လည်ပတ်ရန်ကြိုတင်ပြင်ဆင်မှုများဆောင်ရွက်လျက်ရှိပြီး ပြည်တွင်းခရီးသည်များကိုသာ ကျွန်းခရီးစဉ်ဝန်ဆောင်မှုပေးမည်ဖြစ်ကြောင်း သိရသည်။

မြိတ်ကျွန်းစုဒေသအတွင်း ကျွန်းပေါင်း ၈၀၀ ကျော် တည်ရှိပြီး ရေပေါ်ရေအောက်ရှုခင်းတွေ၊ ဆလုံလူမျိုးအကြောင်းများလေ့လာကြည့်ရှုနိုင်သည့်အပြင် ရေကူးခြင်း၊ ရေငုပ်ခြင်း၊ လှေစီးခြင်းများ ပြုလုပ်နိုင်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here