အရှေ့ဒဂုံမြို့နယ် (၁၂) ဂတ်စ်ဆိုင်အနီး ရေမြောင်းအတွင်းမှ အမျိုးသား ရုပ်အလေ-ာင်း တစ်လေ-ာင်း တွေ့ရှိ

0
285

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်၊ ကျန်စစ်သားလမ်းမကြီးပေါ်၊ (၁၂) ဂတ်စ်ဆိုင်အနီးရှိ ရေမြောင်းအတွင်း၌ ‌ေ-သဆုံးနေသည့် အမျိုးသား ရုပ်အလေ-ာင်း တစ်လေ-ာင်း တွေ့ရှိခဲ့ရကြောင်း သံသရာခရီးသည် နာရေးကူညီမှုအသင်းမှ သိရသည်။

အဆိုပါ ရေနစ်‌ေ-သဆုံးသော အမျိုးသား ရုပ်အလေ-ာင်းကို ယနေ့ အောက်တိုဘာ (၂၃) ရက်၊ နံနက် (၁၀) နာရီခွဲအချိန်တွင် ရေမြောင်းထဲတွင် ပေါ်နေကြောင်း ရပ်ကွက်နေသူများ အကြောင်းကြားချက်အရ အသင်းမှ သွားရောက်ဆယ်ယူခဲ့ခြင်းဖြစ်သည်။

ရေနစ်‌ေ-သဆုံးသည့် အမျိုးသား၏ အလေ-ာင်းကို သံသရာခရီးသည် နာရေးကူညီမှုအသင်းမှ ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပမြို့နယ် အထွေထွေရောဂါကုဆေးရုံကြီး အရေးပေါ်ဌာနသို့ ပို့ဆောင်ပြီး ထိုမှ တဆင့် အအေးခန်းသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here