အမြန်လမ်း၌ ကိုးလအတွင်း စည်းကမ်းဖောက်ဖျက်သည့် ယာဉ်စီးရေ တစ်သောင်းကျော်ကို အရေးယူထား

0
291

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်တွင် ကိုးလအတွင်း စည်းကမ်းဖောက်ဖျက်သည့် ယာဉ်အစီးရေ ၁၀၈၄၀ ကို စောင့်ကြည့်ဖမ်းဆီး အရေးယူခဲ့ကြောင်း အမြန်လမ်းရဲတပ်ဖွဲ့ရုံးမှ သိရသည်။

ဇန်နဝါရီ ၁ ရက်မှ စက်တင်ဘာ ၃၀ ရက်အထိ ကိုးလအတွင်း သတ်မှတ်ထားသည့် အရှိန်နှုန်းထက် ကျော်လွန်မောင်းနှင်သည့်အမှု ၉၃၄၅ မှုနှင့် ထိုင်ခုံခါးပါတ် မပတ်သည့်အမှု ၁၄၉၅ မှုရှိကြောင်း သိရသည်။

အမြန်လမ်းပေါ်တွင် သတ်မှတ်အရှိန်နှုန်းအတွင်း မောင်းနှင်ခြင်း မရှိသည့်ယာဉ်များကို အရှိန်နှုန်းတိုင်းတာသည့် စက် ၁၁ လုံးဖြင့် တိုးဂိတ်ကြီး ငါးခုကနေ ဖမ်းဆီးပြီး သက်ဆိုင်ရာမြို့နယ် မော်တော်ယာဉ် တရားရုံးများတွင် တရားစွဲဆိုအရေးယူကြောင်း သိရသည်။

ရန်ကုန်-မန္တလေး အမြန်လမ်းပေါ်တွင် အိမ်စီးကားများသည် တစ်နာရီကီလိုမီတာ ၁၀၀၊ ခရီးသည်တင် အဝေးပြေးကားများ တစ်နာရီ ကီလိုမီတာ ၉၀ နှုန်းနှင့် ကုန်တင်ကားများကို တစ်နာရီ ကီလိုမီတာ ၆၀ နှုန်းဖြင့် မောင်းနှင်ရန် သတ်မှတ်ထားကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here