ပြည်ဆန်လှူအသင်းကြီး၏ (၄၂)ကြိမ်မြောက် ဆွမ်းဆန်တော်လောင်းလှူပွဲကျင်းပ

0
246

ပဲခူးတိုင်း၊ပြည်မြို့ရှိ ပြည်ဆန်လှူအသင်းကြီး၏ (၄၂)ကြိမ်မြောက် ဆွမ်းဆန်တော်လောင်းလှူပွဲအား အောက်တိုဘာ ၂၂ ရက်မွန်းလွဲ ၂ နာရီက ပြည်မြို့၊ဗိုလ်ချုပ်လမ်းရှိ သာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပခဲ့သည်။

ဆွမ်းဆန်တော်လောင်းလှူပွဲသို့ ပဲခူးတိုင်းဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းတက်ရောက်၍ ဩဝါဒါစရိယဆရာတော်ကြီးများနှင့်ပင့်သံဃာများ၊သီလရှင်များအား ဆွမ်းဆန်တော်များနှင့်လှူဖွယ်ဝတ္တုပစ္စည်းများကို လောင်းလှူပူဇော်ခဲ့သည်။

(၄၂)ကြိမ်မြောက် ဆွမ်းဆန်တော်လောင်းလှူပွဲတွင် တပ်မတော်(ကြည်း၊‌ရေ၊လေ)မိသားစုများ၏ ဆွမ်းဆန်တော်အိတ် ၆၀၀၊ ပဲခူးတိုင်းအစိုးရအဖွဲ့၏ စားသုံးဆီ ၃၅၈၀ ပိဿာ၊ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ပြည်)၏ ဆွမ်းဆန်တော်အိတ် ၁၀၀၊ စီးပွားရေးဦးပိုင်လီမိတက်၏ ဆွမ်းဆန်တော် ၁၂၆ အိတ်၊ပြည်ခရိုင်အတွင်း မြို့နယ်များနှင့်မြို့ပေါ်အလှူရှင်များ၏ ဆွမ်းဆန်တော် ၁၇၅ အိတ်၊ပဲခူး တိုင်း(အနောက်ပိုင်း)ဆန်စက်လုပ်ငန်းရှင်များအသင်းနှင့် Exporter ကုမ္ပဏီတို့၏ ဆွမ်းဆန်တော် ၂၃၅ အိတ်၊ပြည်ဆန်လှူအသင်း အလှူထည့်ဝင်ငွေဖြင့် ဆွမ်းဆန်တော် ၂၁၁ အိတ်(စုစုပေါင်း ဆွမ်းဆန်တော်အိတ် ၁၄၄၇ အိတ်)နှင့်စားသုံးဆီ ၃၅၈၀ ပိ ဿာ၊ ပဲ ၃၅၈ ပိဿာ၊ ဆား ၃၅၈ ပိဿာတို့အား အလှူခံရရှိခဲ့သည်။

အဆိုပါ အလှူခံရရှိခဲ့သည့် လှူဖွယ်ပစ္စည်းများအား ပြည်မြို့နယ်အတွင်းရှိ ကျောင်းတိုက်ပေါင်း ၃၅၈ ကျောင်းတွင် ဝါဆိုဝါကပ်တော်မူကြသည့် ရဟန်း၊သာမဏေ၊သီလရှင်(၂၀၅၆)ပါးတို့ကို အောက်တိုဘာ ၂၃ ရက်(ယနေ့)နှင့် အောက်တိုဘာ ၂၄ ရက်(မနက်ဖြန်)တို့တွင် ဆက်လက်လောင်းလှူသွားမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here