ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် Grab EV Taxi စတင်ပြေးဆွဲ

0
417

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် Grab EV Taxi စတင်ပြေးဆွဲနေပြီး ဝန်ဆောင်မှုပေးနေပြီဖြစ်ကြောင်း သိရသည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ဝန်ဆောင်မှုအသုံးပြုသူ ခရီးသည်များအတွက် Eco-Friendly ဖြစ်ပြီး ကာဗွန်ထုတ်လွှတ်မှု လုံး၀မရှိသော Grab EV Taxi ဝန်ဆောင်မှုကို (၂၀၂၃) ခုနှစ်၊ အောက်တိုဘာလ (၂၃) ရက်နေ့မှ စတင် ဝန်ဆောင်မှုပေးနေပြီ ဖြစ်ကြောင်း သိရသည်။

ထို့ပြင်ခရီးသည်များအနေဖြင့် စမ်းသပ်ပြေးဆွဲကာလအတွင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် Terminal (1) နှင့် (3) ရှိ Grab Taxi Service Counter များမှတဆင့် Booking ပြုလုပ် စီးနင်းနိုင်ကြောင်း သိရသည်။

ယင်းအပြင် Grab EV Taxi ဝန်ဆောင်မှုတွင်စီးနင်းလိုက်ပါမှုအတွက် ဘေးကင်းရုံသာမက ကာဗွန်ထုတ်လွှတ်မှု လျှော့ချရာတွင်လည်း အထောက်အကူဖြစ်စေသည့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၏ ကာဗွန်ထုတ်လွှတ်မှု လျှော့ချရေး ကတိကဝတ် စံနှုန်းများနှင့်လည်း ကိုက်ညီမှုရှိကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

လက်ရှိတွင် Chin Dwin Shan Construction မှ EV (၁၀)စီးကို ရန်ကုန်လေဆိပ် အခြေပြုနှင့် NPK Motors မှတင်သွင်းသည့် EV (၁၀)စီးကို သပြေကုန်းဈေး(နေပြည်တော်)အခြေပြု အများသုံး တက္ကစီယာဉ်များအဖြစ် ပြေးဆွဲပေးနေခြင်းလည်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here