သမိုင်းထဲက အောက်တိုဘာ ၂၄

0
216

၁၈၅၇ – ကမ္ဘာ့ပထမဆုံး ဘောလုံးကလပ်အသင်းဖြစ်တဲ့ ရှက်ဖီး အက်ဖ်စီ(Sheffield FC) ကို စတင် တည်ထောင်ခဲ့တယ်။

၁၉၀၂ – ဂွာတီမာလာနိုင်ငံက ဆန်တာမာရီယာ မီးတောင်ပေါက်ကွဲမှုကြောင့် လူပေါင်း ၆၀၀၀ ထက်မနည်း သေဆုံးခဲ့တယ်။ အဲဒီမီးတောင်ပေါက်ကွဲမှုဟာ ၂၀ ရာစုအတွင်း အကြီးမားဆုံး မီးတောင်ပေါက်ကွဲမှု ၃ ခုအနက် တစ်ခုဖြစ်လာခဲ့တယ်။

၁၉၂၉ – အမေရိကန် ဝေါလ်စထရိမှာ စီးပွားပျက်ကပ်စတင်တဲ့ “Black Thursday”နေ့ဖြစ်တယ်။

၁၉၃၉ – နိုင်လွန်ခြေအိပ်တွေကို အမေရိကန်ပြည်ထောင်စု ဒဲလ်ဝဲယားပြည်နယ် ဝီလ်မင်တန်မြို့မှာ ပထမဆုံးစတင်ရောင်းချခဲ့တယ်။

၁၉၆၄ – ဇမ်ဘီယာနိုင်ငံဟာ ဗြိတိန်ဆီကနေ လွတ်လပ်ရေးရရှိခဲ့တယ်။

၂၀၀၃ – အသံထက်မြန်တဲ့ ကွန်းကော့ဒ် လေယာဉ်ဟာ သူ့ရဲ့ နောက်ဆုံး စီးပွားဖြစ်ပျံသန်းမှုကို ပျံသန်းခဲ့တယ်။

၂၀၂၂ – ဗြိတိန် ကွန်ဆာဗေးတစ်ပါတီခေါင်းဆောင်အဖြစ် ရီရှီဆွန်းနက်ကို ခန့်အပ်ခဲ့တယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here