ထားဝယ်မြို့ရှိ “အောင်တံခွန်”ငါးလေလံစျေးအတွင်း Drop Bomb ပေါက်ကွဲကာ အသက်(၁၄)နှစ်အရွယ် က-လေ-းငယ်တစ်ဦးဒဏ်ရာရ

0
295

တနင်္သာရီတိုင်း၊ ထားဝယ်မြို့၊ ကြက်စားပြင်ရပ်ကွက်၊ကမ်းနားလမ်းရှိ “အောင်တံခွန်” ငါးလေလံဈေးအတွင်း၌ အောက်တိုဘာ (၂၃) ရက် မွန်းလွဲပိုင်းက Drop Bomb ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယမန်နေ့ မွန်းလွဲပိုင်းက လက်နက်ကိုင် အဖွဲ့ဝင်များသည် Drone ယာဥ်အသုံးပြု၍ ထားဝယ်မြို့၊ ကြက်စားပြင်ရပ်ကွက်၊ ကမ်းနားလမ်းရှိ “အောင်တံခွန်”ငါးလေလံဈေးအတွင်းသို့ Drop Bomb ဖြင့် ပစ်ချတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ Drop Bomb ပေါက်ကွဲမှုကြောင့် ဈေးဝယ်နေသည့် အသက်(၁၄)နှစ်အရွယ်ရှိ က-လေ-းတစ်ဦးတွင် ဗုံးစထိမှန်ဒဏ်ရာများရရှိခဲ့သဖြင့် လုံခြုံရေးအဖွဲ့ဝင်များက ထားဝယ်မြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးနှင့် ဥပဒေအရထိရောက်စွာ အရေးယူနိုင်ရေးတို့အတွက် လုံခြုံရေးအဖွဲ့ဝင်များက စုံစမ်းစစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here