သီတင်းကျွတ် ကာလအတွင်း YBS ယာဥ်လိုင်းအချို့ ညနက်သည်အထိ ပြေးဆွဲပေးမည်

0
515

ပြည်သူ့ရင်ပြင်၌ ကျင်းပမည့် သီတင်းကျွတ်မီးထွန်းပွဲတော်ကာလအတွင်း YBS ယာဥ်လိုင်းအချို့ကို ညနက်သည်အထိ ပြေးဆွဲပေးမည်ဖြစ်ကြောင်း YRTC တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မာန်က ပြောသည်။

” YBS ယာဥ်လိုင်း ခုနှစ်လိုင်းက YBS ကား ခုနှစ်စီးနဲ့ သတ်မှတ်ထားတဲ့ ဂိတ်တွေကနေ ပြည်သူ့ရင်ပြင် ရှေ့ကို ည (၉) နာရီခွဲအရောက်သွားမှာ ဖြစ်ပါတယ်။ ခရီးသည်အခြေအနေပေါ်မူတည်ပြီး လိုအပ်ရင်လိုအပ်သလို ထပ်တိုးပြေးဆွဲပေးသွားမယ်”ဟု ၎င်းကဆိုသည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ညွှန်ကြားချက်ဖြင့် ပြည်သူ့ရင်ပြင်၌ ကျင်းပပြုလုပ်မည့် ပျော်ပွဲရွှင်ပွဲတွင် ခရီးသည်များ သွားလာရေး လွယ်ကူစေရန် ပြေးဆွဲပေးခြင်းဖြစ်ကြောင်း သိရသည်။

ပြေးဆွဲပေးမည့် YBS ယာဥ်လိုင်းများမှာ YBS-21 ယာဉ်လိုင်းကို လသာလမ်းမှ ပြည်သူ့ရင်ပြင်၊ ထိုမှတဆင့် အင်းစိန် (အနောက်ပိုင်းတက္ကသိုလ်- ထန်းတပင်)၊ YBS 61 ယာဥ်လိုင်းမှ ယာဉ်များကို ဆူးလေမှ ပြည်သူ့ရင်ပြင် မှတဆင့် အနောက်ပိုင်း နည်းပညာတက္ကသိုလ်-လှိုင်သာယာ၊ YBS- 37 ယာဉ်လိုင်းကို ခြောက်ထပ်ရုံးမှ ပြည်သူ့ရင်ပြင်/ ထောက်ကြံ့၊ YBS – 116 ယာဉ်လိုင်းကို ဆူးလေမှ ပြည်သူ့ရင်ပြင် – မြောက်ဥက္ကလာ -ထောက်ကြံ့၊ YBS-62 ယာဉ်လိုင်းကို ကြည့်မြင်တိုင် (ပန်းပင်ကြီးလမ်း)မှ ပြည်သူ့ရင်ပြင် – ဒဂုံတက္ကသိုလ်၊ YBS- 7 ယာဉ်လိုင်းကိုဆူးလေ(မြို့တော်ခန်းမ) မှ ပြည်သူ့ရင်ပြင်အထိလည်းကောင်း ထိုမှတဆင့် အမှတ် – ၂ လမ်း (တောင်ဒဂုံ)၊ YBS- 4 ယာဥ်လိုင်းကို ဆူးလေ(မြို့တောခန်းမ) မှ ပြည်သူ့ရင်ပြင်၊ ထိုမှတဆင့် သာကေတ- ယုဇနဥယျာဥ်မြို့တော်(ဒဂုံဆိပ်ကမ်း) တို့ကို ပြေးဆွဲပေးမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here