အမေရိကန်က အစ္စရေးသို့ စစ်အကြံပေးများစေလွှတ်ကြောင်း အိမ်ဖြူတော်က အတည်ပြု

0
325

အမေရိကန်သည် အစ္စရေးသို့ စစ်ဘက်ဆိုင်ရာ အကြံပေးများ စေလွှတ်ခဲ့ကြောင်း အမေရိကန် အမျိုးသား လုံခြုံရေး ကောင်စီ မဟာဗျူဟာ ဆက်သွယ်ရေး ညှိနှိုင်းရေးမှူး ဂျွန်ကီယာဘီက သတင်းထောက်များအား ပြောကြားခဲ့သည်။

“ကျွန်တော်ပြောနိုင်တာက အတွေ့အကြုံရှိတဲ့ သက်ဆိုင်ရာ စစ်ဘက်အရာရှိ အနည်းငယ်လွှတ်တယ်၊ အစ္စရေးက အခုလုပ်ဆောင်နေတဲ့ စစ်ဆင်ရေးမျိုးနဲ့ အနာဂတ်မှာ လုပ်ဆောင်မယ့် ကိစ္စတွေအတွက် သင့်တော်မယ့် အတွေ့အကြုံတွေရှိကြတယ်၊ အဲဒီကိုသွားပြီး အမြင်တွေဖလှယ်ဖို့၊ သူတို့ရဲ့ အတွေ့အကြုံတွေကနေ ခက်ခက်ခဲခဲ မေးခွန်းတွေ မေးဖို့၊ စစ်ဆင်ရေးတွေ စတင်ကတည်းက အစ္စရေး အရာရှိတွေ ဘာလုပ်ခဲ့ကြသလဲဆိုတာ ခက်ခက်ခဲခဲ မွေးခွန်းတွေ မေးဖို့ပါပဲ” ဟု ဂျွန်ကီယာဘီက မှတ်ချက်ပေးခြင်း ဖြစ်သည်။

သို့ရာတွင် အစ္စရေးသို့ စေလွှတ်သည့် အကြံပေးအရေအတွက် အတိအကျကို သူကမပြောပါ။

“အနည်းငယ်။ အနည်းငယ်ပါပဲ” ဟုသာ ဂျွန်ကီယာဘီက ပြောသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here