PJ နှင့် PS နိုင်ငံကူး လက်မှတ်ကိုင်ဆောင်သူများ အခွန်ကင်းရှင်းကြောင်း ထောက်ခံချက်ကို ရန်ကုန်တိုင်း မြို့နယ် (၄) ခုနှင့် မန္တလေးတိုင်း မြို့နယ် (၂) ခုတို့တွင် ထုတ်ယူနိုင်

0
465

ပြည်ပသို့ သွားရောက် အလုပ်လုပ်ကိုင်မည့် PJ (Passport For Job) နှင့် PS (Passport For Seamen) နိုင်ငံကူး လက်မှတ်ကိုင်ဆောင်သူများ၏ သက်တမ်းတိုး အခွန်ကင်းရှင်းကြောင်း ထောက်ခံချက်ကို ရန်ကုန်တိုင်းဒေသကြီးရှိ မြို့နယ် (၄) မြို့နယ်နှင့် မန္တလေးတိုင်းဒေသကြီးရှိ မြို့နယ် (၂) မြို့နယ်တို့တွင် လုပ်ဆောင်ပေးမည်ဖြစ်ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာန ထုတ်ပြန်ချက်အရ သိရသည်။

နိုင်ငံကူးလက်မှတ် သက်တမ်းတိုး အခွန်ကင်းရှင်းကြောင်း ထောက်ခံချက်ကို ရန်ကုန်တိုင်းဒေသကြီးတွင် ရန်ကင်းမြို့နယ် အခွန်ဦးစီးဌာနမှူးရုံး၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် အခွန်ဦးစီးဌာနမှူးရုံး၊ အင်းစိန်မြို့နယ် အခွန်ဦးစီးဌာနမှူးရုံး၊ ဒေါပုံမြို့နယ် အခွန်ဦးစီးဌာနမှူးရုံးတို့တွင် ထောက်ခံချက် ထုတ်ယူနိုင်ကြောင်း သိရသည်။

ထို့အပြင် မန္တလေးတိုင်းဒေသကြီးတွင် မဟာအောင်မြေမြို့နယ် အခွန်ဦးစီးဌာနမှူးရုံး၊ ချမ်းမြသာစည်မြို့နယ် အခွန်ဦးစီးဌာနမှူးရုံးတို့တွင် ထုတ်ယူနိုင်ကြောင်း သိရသည်။

ကျန်တိုင်းဒေသကြီး/ ပြည်နယ်/ ပြည်ထောင်စုနယ်မြေတို့တွင် အခွန်ကင်းရှင်းကြောင်း ထောက်ခံချက် ပုံစံထုတ်ယူရန်အတွက် မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး တည်ရှိရာ မြို့နယ်ရှိ မြို့နယ်အခွန်ဦးစီးဌာနရုံးများတွင် ထုတ်ယူနိုင်ကြောင်း သိရသည်။

ပြည်တွင်းအခွန်များ ဦးစီးဌာနအနေဖြင့် PJ (Passport For Job) နှင့် PS (Passport For Seamen) နိုင်ငံကူး လက်မှတ်ကိုင်ဆောင်သူများအတွက် လုံခြုံရေး အဆင့်တန်းပါရှိသည့် အခွန်ကင်းရှင်းကြောင်း ထောက်ခံချက် ပုံစံအား ၂၀၂၃ ခုနှစ် အောက်တိုဘာလတွင် စတင်ထုတ်ပေးရန် စီစဉ်ထားပြီးဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here