City Taxi အစီးရေ တစ်သောင်းခန့် ဘေးစတစ်ကာကပ်ထားပြီးဟုဆို

0
250

ရန်ကုန်မြို့တွင်း ပြေးဆွဲနေသည့် City Taxi ကို အဝါရောင် ဘေးလိုင်း စတစ်ကာကပ်ခြင်း စတင်ဆောင်ရွက်ခဲ့သည့် အောက်တိုဘာ (၁၃) ရက်မှ ယနေ့အထိ အစီးရေ တစ်သောင်းခန့် ကပ်ထားပြီးဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှု ကော်မတီ (YRTC) မှ တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မန်က ပြောသည်။

ထို့ပြင် ဘေးစတစ်ကာကပ်ခြင်းကို ယခုနှစ် နိုဝင်ဘာ (၁) ရက်မှ လာမည့်နှစ် ဇန်နဝါရီ (၃၁) ရက်အထိ သတ်မှတ်ဒီဇိုင်းအတိုင်း ညှပ်ခအပါအဝင် စတေကာတန်ဖိုး (၅၀၀၀) ကျပ်အား YRTC မှ ကျခံပေးမည်ဖြစ်ကြောင်း သိရသည်။

” သူတို့ကြေညာပြီးနောက်ပိုင်း စတစ်ကာကပ်တာ ဈေးက တစ်သောင်းကျော်သွားတယ်။ သူတို့က တက္ကစီနဲ့ပတ်သက်ပြီး အမျိုးမျိုးလုပ်ခိုင်းနေတာ”ဟု အငှားယာဉ်မောင်း ကိုလှိုင်ဝင်းက ပြောသည်။

အဆိုပါ အဝါရောင် ဘေးစတစ်ကာကပ်ရာတွင် ကညန၌ အငှားယာဉ် နံပါတ်ပြား အနီအဖြစ် မှတ်ပုံတင်ထားရန်၊ ကညန မှတ်ပုံတင် သက်သေခံလက်မှတ် (ဝှီးတက်) ၊ ပို့ဆောင်ရေး စီမံကိန်း ဦးစီးဌာန၏ လုပ်ငန်းလိုင်စင်များ အပိုင်း (၁)၊ (၂) ရှိရန်၊ အဝါရောင်ဘေးလိုင်း စတေကာ ပါရှိရန်၊ YRTC စီးတီးတက္ကစီ စတစ်ကာနှင့် ယာဉ်မောင်းဓာတ်ပုံပါရှိရန်၊ YCTA ရန်ကုန်စီးတီးတက္ကစီအသင်း လိုဂို ပါရှိရန်၊ ယာဉ်ထိန်းရဲတပ်ဖွဲ့မှဆောင်ရွက်သည့် တက္ကစီဘုတ်ပါရှိရန် လိုအပ်ကြောင်း သိရသည်။

ထို့ပြင် ပညာပေး ကာလကိုလာမည့် နိုဝင်ဘာလ (၁) ရက်မှ ၂၀၂၄ ဇန်နဝါရီလအထိ သတ်မှတ်ထားပြီး လိုက်နာခြင်းမရှိသည့် တက္ကစီယာဉ်များကို ပြဌာန်းထားသည့် ဥပဒေအတိုင်းအရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here