မြောက်ဥက္ကလာပမြို့နယ်ရှိ ဘူမိဗေဒလေ့လာရေးနှင့် ဓာတ်သတ္တုရှာဖွေရေးဦးစီးဌာနဝန်းအတွင်း Hydrochloric Acid ယိုစိမ့်မှုဖြစ်ပွား

0
236

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၊ (ည)ရပ်ကွက်၊ သုနန္ဒာလမ်း၊ ဘူမိဗေဒလေ့လာရေးနှင့် ဓာတ်သတ္တုရှာဖွေရေးဦးစီးဌာနဝန်းအတွင်းတွင် Hydrochloric Acid ယိုစိမ့်မှုဖြစ်ပွားကြောင်း မီးသတ်တပ်ဖွဲ့ သတင်းများအရ သိရသည်။

မြောက်ဥက္ကလာပမြို့နယ်ရှိ ဘူမိဗေဒလေ့လာရေးနှင့် ဓာတ်သတ္တုရှာဖွေရေးဦးစီးဌာနဝန်းအတွင်း အောက်တိုဘာ ၂၄ ရက် နေ့လည် ၁ နာရီ အချိန်ခန့်က Hydrochloric Acid ယိုစိမ့်မှုဖြစ်ပွားကြောင်း သတင်းအရ မီးသတ်တပ်ဖွဲ့မှ သွားရောက် ငြှိမ်းသတ်ခဲ့ကြောင်း သိရသည်။

ထိုသို့ သွားရောက်ဆောင်ရွက်ရာတွင် မြောက်ဥက္ကလာပမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် (၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ထွက်ခွာဆောင်ရွက်ခဲ့ပြီး နေ့လည် (၁) နာရီ ၅၂ မိနစ်အချိန်တွင် လုပ်ငန်းဆောင်ရွက်ပြီးစီးကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here