ဒေါပုံမြို့နယ်ရှိ ပရိဘောဂဆိုင်တစ်ဆိုင်တွင် မီးလောင်မှုဖြစ်ပွား

0
150

ရန်ကုန်တိုင်း၊ ဒေါပုံမြို့နယ်၊ ဇေယျာသီရိရပ်ကွက်၊ ယမုံနာလမ်းရှိ ပရိဘောဂ ဆိုင်တစ်ဆိုင်တွင် ယနေ့ အောက်တိုဘာ (၂၄) ရက် မွန်းလွဲ (၂) နာရီ (၂၅) မိနစ်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ မီးလောင်မှုအား ဒေါပုံမြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းဝင်များက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသော်လည်း ဆက်လက်လောင်ကျွမ်းခဲ့သဖြင့် မွန်းလွဲ (၂) နာရီ (၃၂) မိနစ်၌ Level 1 အဆင့်ဖြင့် ထပ်မံငြှိမ်းသတ်ခဲ့ရကြောင်း သိရသည်။

ထိုသို့ ငြှိမ်းသတ်မှုကြောင့် မွန်းလွဲ (၂) နာရီ (၃၆) မိနစ်၌ မီးထိန်းနိုင်ခဲ့ပြီး မွန်းလွဲ (၂) နာရီ (၃၉)မိနစ်တွင် မီးငြိမ်းသွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှ သိရသည်။

မီးစတင်လောင်ကျွမ်းရသည့် အကြောင်းရင်းနှင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုးအား မီးသတ်တပ်ဖွဲ့တာဝန်ရှိသူများက စစ်ဆေးလျက်ရှိကြောင်း သိရသည်။

Photo-ရွှေမိုးအောင်


LEAVE A REPLY

Please enter your comment!
Please enter your name here