အောင်မြေသာစံမြို့နယ်တွင် အမျိုးသားတစ်ဦး လျှပ်စစ်မီးကြိုးဖြတ်စဥ် ဓာတ်လိုက်ကာရေမြောင်းထဲပြုတ်ကျ‌ေ-သဆုံး

0
193

မန္တလေးတိုင်း၊ အောင်မြေသာစံမြို့နယ်၊ ဒေါနဘွားရပ်ကွက်တွင် ယနေ့ အောက်တိုဘာ (၂၄) ရက် နံနက်ပိုင်းက ရေမြောင်းအတွင်း ပြုတ်ကျ‌ေ-သဆုံးနေသည့် အမျိုးသားတစ်ဦး၏ ရုပ်အလေ-ာင်းအားတွေ့ရှိခဲ့ရကြောင်း နန်းတော်ရှေ့နယ်လုံးဆိုင်ရာလူမှုကယ်ဆယ်ရေးအဖွဲ့မှ သိရသည်။

ယနေ့နံနက် (၇) နာရီခွဲခန့်က အောင်မြေသာစံမြို့နယ်၊ ဒေါနဘွားရပ်ကွက်ရှိ ဖောင်တောဦး စာသင်ကျောင်းအရှေ့ဘက်လမ်းရှိ ရေမြောင်းထဲ၌‌ေ-သဆုံးနေသည့် အမျိုးသားတစ်ဦး၏ ရုပ်အလေ-ာင်းတွေ့ရှိရကြောင်းသတင်းအရ နန်းတော်ရှေ့နယ်လုံးဆိုင်ရာ လူမှုကယ်ဆယ်ရေးအဖွဲ့မှ သယ်ယူရန်သွား ရောက်ခဲ့ကြကြောင်း သိရသည်။

“တာဝန်ရှိတဲ့ လူတွေလာပြီး စစ်ဆေးချက်အရကတော့ လျှပ်စစ်မီးကြိုး ဖြတ်ရာကနေ ဓာတ်လိုက်ပြီး ရေမြောင်းထဲပြုတ်ကျ‌ေ-သဆုံးတာလို့သိရပါတယ်။ လိုအပ်တဲ့ စစ်ဆေးတာတွေဆက်လုပ်သွားမယ်လို့ပြောတယ်။ ရေမြောင်းက သိပ်လည်းမကျယ်သလို သိပ်လည်းမနက်ပါဘူး”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးက ပြောသည်။

ဖြစ်စဥ်မှ‌ေ-သဆုံးသူ၏ ရုပ်အလေ-ာင်းအား နန်းတော့ရှေ့နယ်လုံးဆိုင်ရာလူမှုကယ်ဆယ်ရေးအဖွဲ့မှ ရေမြောင်းအတွင်းမှဆယ်ယူ၍ မန္တလေးပြည်သူ့ဆေးရုံကြီး ရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့ကြရာ ဆေးရုံကြီးမှ PR-24 ဖြင့်လက်ခံခဲ့ကြောင်း သိရသည်။

Photo-နန်းတော်ရှေ့အသင်း


LEAVE A REPLY

Please enter your comment!
Please enter your name here