အမြန်လမ်း (၁၂၅) မိုင်တွင် မိသားစု (၁၀)ဦး လိုက်ပါလာသည့်ကား ရှေ့ဘီးပေါက်ကာ မြောင်းထဲပြုတ်ကျပြီး (၉) ဦး ထိခိုက်ဒဏ်ရာရ

0
294

ရန်ကုန် – မန္တလေး အမြန်လမ်း (၁၂၅)မိုင်တွင် မိသားစု (၁၀)ဦး လိုက်ပါလာသည့် အိမ်စီးကားတစ်စီး ရှေ့ဘီးပေါက်ကာ လမ်းဘေးမြောင်းထဲသို့ ပြုတ်ကျမှူ ဖြစ်ပွားခဲ့ကြောင်း ကမ်းမဲ့လက်များ လူမှူကူညီရေးအသင်းမှ သိရသည်။

ယနေ့ အောက်တိုဘာ (၂၄) ရက် နေ့လယ် (၃) နာရီ ဝန်းကျင်ခန့်က ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း လူမှုကူညီရေးအသင်းဝင်များထံမှ သိရသည်။

ထိုသို့ ပြုတ်ကျမှူကြောင့် ယာဥ်ပေါ်တွင် လိုက်ပါလာသည့် (၁၀) ဦးအနက် (၉) ဦးမှာ ဒဏ်ရာရရှိပြီး အသင်းမှ ကားများမရောက်မီ လူနာများအား လိုက်ထရပ်ကားဖြင့် ဆေးရုံသို့ ပို့ဆောင်ပေးလိုက်ရကြောင်း သိရသည်။

ထိခိုက်ဒဏ်ရာရသူ (၉) ဦးအနက် အမျိုးသမီးတစ်ဦးမှာ စိုးရိမ်ရကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here