ချင်းပြည်နယ်နှင့်ရခိုင်ပြည်နယ်တို့တွင် “ဟမွန်း”(HAMOON) ဆိုင်ကလုန်းမုန်တိုင်း၏ အဝန်းအဝိုင်းသို့ ကျရောက်နိုင်

0
286

ချင်း ပြည်နယ်နှင့် ရခိုင်ပြည်နယ်မြောက်ပိုင်းတို့သည် အားအလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်း “ဟမွန်း” (HAM OON)၏ အဝန်းအဝိုင်းအတွင်းသို့ ကျရောက်ကာမုန်တိုင်း ၏ သက်ရောက်မှုကို ခံစားရနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။

ဘင်္ဂလား ပင်လယ်အော် အနောက်မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း ” ဟမွန်း” သည် အရှေ့မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး ပိုမိုအားကောင်းလာကာ ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်းနှင့် ယင်းနှင့် ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အရှေ့မြောက်ပိုင်းတို့တွင် အားအလွန်ကောင်းသောဆိုင်ကလုန်း မုန်တိုင်းအဖြစ်သို့ ရောက်ရှိခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ အားအလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်း “ဟမွန်း”သည် မြန်မာနိုင်ငံ၊ သံတွဲမြို့၏ အနောက် – အနောက် မြောက်ဘက် ရေမိုင် (၂၉၀)မိုင်ခန့်၊ စစ်တွေမြို့၏ အနောက် ဘက် ရေမိုင် (၁၉၀)မိုင်ခန့်၊ မောင်တောမြို့၏ အနောက် – အနောက်တောင်ဘက် ရေမိုင် (၁၇၀)မိုင်ခန့်၊ အိန္ဒိယနိုင်ငံ၊ ပါရာဒစ်မြို့၏ အရှေ့ဘက် ရေမိုင် (၁၆၀) မိုင်ခန့်၊ ဒီဂါမြို့၏ အရှေ့ တောင်ဘက် ရေမိုင်(၁၅၀)မိုင်ခန့်၊ ဘင်္ဂလားဒေရှ့်နိုင် ငံ၊ ခီပူပါရာမြို့၏ တောင်-အနောက်တောင်ဘက် ရေမိုင်(၁၂ ၅) မိုင်ခန့်နှင့် စစ်တကောင်းမြို့၏ အနောက်တောင်ဘက် ရေမိုင်(၁၉၀)မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေကြောင်း သိရသည်။

အဆိုပါ မုန်တိုင်းသည် လက်ရှိ အခြေအနေတွင် မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေမရှိသည့်အတွက် အဝါရောင်အဆင့်ဟု သတ်မှတ်သော်လည်း မြန်မာနိုင်ငံ၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ် မြောက်ပိုင်းတို့သည် အားအလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်း ” ဟမွန်း” ၏ အဝန်းအဝိုင်းအတွင်းသို့ ကျရောက်ကာ မုန်တိုင်း၏ သက်ရောက်မှုကို ခံစားရနိုင်ကြောင်း သိရသည်။

ယင်းမုန်တိုင်း၏အရှိန်ကြောင့် စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေး တိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်းနှင့် တောင်ပိုင်း)၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် မိုးကြီးနိုင်ကြောင်း သတိပေးထားသည်။

အဆိုပါ အားအလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်း “ဟမွန်း” (HAMOON)၏ အရှိန်ကြောင့် လေပြင်းတိုက်ခတ်ခြ င်း၊ မိုးကြီးခြင်း၊ ရုတ်တရက် ရေကြီးခြင်းနှင့်အတူ မြေပြိုခြင်းများ ဖြစ်ပေါ်နိုင်ပါသဖြင့် ကုန်းမြင့်ဒေသအနီးတွင် နေ ထိုင်ကြသူများ အနေဖြင့် မြေပြိုမှုအန္တရာယ်ကို လည်းကောင်း၊ ရခိုင်ကမ်းရိုးတန်း တစ်လျှောက်နှင့် မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများ ဖြစ်ပေါ်နိုင်သောကြောင့် ကြိုတင် သတိပြုနေထိုင်ကြရန်လည်း သတိပေးထားသည်။

ထို့ပြင် ပြည်တွင်း လေကြောင်း ပျံသန်းရေးနှင့် ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင် တို့ရှိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့်လည်း ကြိုတင်သတိပြုရှောင်ရှားနိုင်ရန် အသိပေးနှိုးဆော်ထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here