သမိုင်းထဲက အောက်တိုဘာ ၂၅

0
201

၁၈၈၁ – ကမ္ဘာကျော် ပန်းချီဆရာကြီး ပတ်ဘလို ပီကာဆိုကို ဒီနေ့မှာ မွေးဖွားခဲ့တယ်။

၁၉၄၁ – ယူကရိန်းနိုင်ငံ၊ အိုဒက်ဆာမြို့မှာ ဂျူးလူမျိုး ၁၆၀၀၀ ဟာ အစုလိုက်အပြုံလိုက် အဆုံးစီရင်ခြင်းခံခဲ့ကြရတယ်။ တစ်နေ့ထဲမှာပဲ ဂျာမနီဟာ မော်စကို ကို ဝင်ရောက်တိုက်ခိုက်ခဲ့တယ်။

၁၉၄၅ – ဂျပန်တွေဟာ တိုင်ဝမ်ကျွန်းကို ဗိုလ်ချုပ်ကြီးချန်ကေရှိက်ဆီမှာ လက်နက်ချအပ်နှင်းခဲ့တယ်။

၁၉၆၂ – အမေရိကန်စာရေးဆရာကြီး ဂျွန်စတိန်းဘတ်ဟာ စာပေနိုဘယ်ဆု ချီးမြှင့်ခြင်းခံခဲ့ရတယ်။

၁၉၉၅ – ကမ္ဘာကျော် အဆိုတော် ကလစ်ဖ်ရစ်ချတ်ကို ဗြိတိန်ဘုရင်မက သူရဲကောင်းဘွဲ့ချီးမြှင့်ခဲ့တယ်။ ပေါ့ပ်အဆိုတော်တွေထဲမှာ ပထမဆုံး သူရဲကောင်းဘွဲ့ချီးမြှင့်ခြင်းခံရသူဖြစ်လာခဲ့တယ်။

၂၀၀၁ – မိုက်ခရိုဆော့ဖ် ကုမ္ပဏီဟာ Windosx XP ကို စတင်ရောင်းချခဲ့တယ်။

၂၀၂၁ – အီလွန်မတ်စ်ဟာ တစ်နေ့ထဲမှာတင် ဝင်ငွေ ကန်ဒေါ်လာ ၂၅ ဘီလျံကို စံချိန်တင်ရရှိခဲ့ပြီး၊ သူ့ပိုင်ဆိုင်မှု စုစုပေါင်းခန့်မှန်းပမာဏဟာ ကန်ဒေါ်လာ ၂၅၅ ဒသမ ၂ ဘီလျံရှိလာခဲ့တယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here