ဘင်္ဂလားဒေ့ရှ်၌ ရထားတိုက် ၊ ၁၇ ဦး‌ေ-သဆုံးကာ အယောက် ၁၀၀ ဒဏ်ရာရရှိ

0
159
Rescue workers carry out a rescue operation after a passenger train collided with a freight train in Bhairab, some 85km east from Dhaka, on October 23, 2023. - At least 17 people have been killed and 100 others injured in Bangladesh after two trains collided on October 23, 2023, with officials saying they fear the death toll will rise. The crash in the eastern city of Bhairab saw a freight train smash into a passenger train travelling in the opposite direction, derailing two passenger carriages, officials said. (Photo by Munir uz ZAMAN / AFP)

ဒါကာ၊အောက်တိုဘာ ၂၄

အောက်တိုဘာလ ၂၃ ရက်နေ့တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ ရထားနှစ်စင်းတိုက်မိရာ လူ ၁၇ ဦး‌ေ-သဆုံးပြီး အယောက် ၁၀၀ ကျော်ဒဏ်ရာရခဲ့သည်ဟုအာဏာပိုင်များကပြောကြားခဲ့ပြီး ယခုမတော်တဆမှုကြောင့် ‌ေ-သဆုံးသူဦးရေထပ်မြင့်တက်လာမည်ကိုလည်းစိုးရိမ်မိကြောင်းပြောကြားခဲ့သည်။

ယခုဖြစ်စဉ်တွင် ကုန်တင်ရထားသည် လမ်းချော်ပြီး ခရီးသည်တင်ရထားအား ဝင်တိုက်မိခဲ့ခြင်းဖြစ်ကြောင်းသိရပြီး ရထားနှစ်စင်းတိုက်မိမှုကြောင့် ခရီးသည်တင်ရထား၏ ရထားတွဲနှစ်တွဲ လမ်းချော်ပြုတ်ထွက်သွားခဲ့သည်ဟုသိရသည်။

လက်ရှိအချိန်အထိ ‌ေ-သဆုံးသူ ၁၇ ဦးရှိပြီဖြစ်သော်လည်း မှောက်သွားသည့်ရထားတွဲ၏ အောက်တွင်ညှပ်ပြီးပိတ်မိနေသည့် ရုပ်အလော-င်းများကိုမြင်နေရသေးသောကြောင့် “‌ေ-သဆုံးသူအရေအတွက်ထပ်တိုးလာနိုင်ပါသေးတယ်” ဟုလည်း ကယ်ဆယ်ရေးအဖွဲ့ဝင်တစ်ဦးကပြောကြားခဲ့သည်။

မှောက်နေသည့်ရထားတွဲနှစ်တွဲမှ အသက်ရှင်လျက်လူနှစ်ယောက်ကိုကယ်ထုတ်နိုင်ခဲ့သည်ဟုလည်းသိရသည်။ ယခုဖြစ်စဉ်အားစုံစမ်းရန်လည်း အာဏာပိုင်များကညွှန်ကြားထားပြီး အရေးပေါ်သွေးလိုအပ်သည့်အတွက် သွေးများလှူဒါန်းရန်လည်းသွေးအလှူရှင်များအားအကူအညီတောင်းထားကြောင်းသိရသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ ယခုကဲ့သို့မျိုးရထားမတော်တဆမှုများသည် ဖြစ်လေ့ဖြစ်ထရှိသောမတော်တဆမှုများဖြစ်ကာ အချက်ပြစနစ်အားနည်းခြင်း၊နမော်နမဲ့ပြုမူခြင်း၊ရထားလမ်းဟောင်းများနှင့်အခြားချို့ယွင်းချက်များကြောင့်လည်း ဖြစ်လေ့ရှိကြောင်းသိရသည်။

Source : AFP


LEAVE A REPLY

Please enter your comment!
Please enter your name here