ကမ္ဘာ့အသက်အကြီးဆုံးခွေးကလေး ဘော်ဘီ အသက် ၃၁ နှစ်တွင်‌ေ-သဆုံး

0
185

လစ်ဘွန်း၊အောက်တိုဘာ ၂၄

ယခုနှစ်တွင် ဂင်းနစ်ကမ္ဘာ့စံချိန်တင်ခဲ့ပြီး ကမ္ဘာ့အသက်အကြီးဆုံးခွေးအဖြစ် သတ်မှတ်ခံခဲ့ရသော ဘော်ဘီသည် အသက် ၃၁ နှစ်တွင် ကွယ်လွန်သွားပြီဖြစ်ကြောင်း ပေါ်တူဂီမီဒီယာများကအောက်တိုဘာ ၂၃ ရက်တွင်ဖော်ပြခဲ့သည်။

အဆိုပါခွေးလေးအား ၁၉၉၂ ခုနှစ် မေလ ၁၁ ရက်နေ့တွင် ပေါ်တူဂီရှိ Costa မိသားစုပိုင်ဆိုင်သော သစ်သားဂို‌ဒေါင်တွင် အခြားမွေးချင်းခွေးလေး ၃ ကောင်နှင့်အတူ မွေးဖွားခဲ့ခြင်းဖြစ်‌ကြောင်းသိရသည်။

ဘော်ဘီ၏ပိုင်ရှင်များတွင် အခြားတိရစ္ဆာန်များစွာရှိသည့်အတွက် ထပ်မံမွေးဖွားလာသော ခွေးငယ်လေးများအားမစောင့်ရှောက်နိုင်မည်ကိုစိုးသဖြင့် အခြားသူများအားပေးခဲ့သော်လည်း ဘော်ဘီဖြစ်လာမည့်ခွေးလေးသည် ဂိုဒေါင်ထဲတွင်ကျန်နေခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ခွေးကလေးဘော်ဘီသည် အသက် ၃၁ နှစ်နှင့် ၁၆၅ ရက်တွင်ကွယ်လွန်သွားခြင်းဖြစ်ကြောင်း ဂင်းနစ်စံချိန်အရသိရသည်။

ဘော်ဘီသည် ပေါ်တူဂီနိုင်ငံ၏နယ်မြို့လေးတွင်အေးချမ်းစွာရှင်သန်ခဲ့ခြင်းဖြစ်ပြီး ယခုနှစ်ဖေဖော်ဝါရီတွင် ကမ္ဘာ့အသက်အကြီးဆုံးခွေးအဖြစ်ဂင်းနစ်စံချိန်ဝင်ပြီးနောက် အချို့ဧည့်သည်များသည်ဘော်ဘီထံလာလည်ခဲ့ကြသည်ဟုလည်းသိရသည်။

Source : CNA


LEAVE A REPLY

Please enter your comment!
Please enter your name here