တရုတ်နိုင်ငံခြားရေးဝန်ကြီးမစ္စတာဝမ်ယိ အမေရိက သွားမည်ဟုဆို

0
357

ဝါရှင်တန်၊အောက်တိုဘာ ၂၄

တရုတ်သမ္မတရှီ၏ အမေရိကခရီးစဉ်မတိုင်မီ ပဏာမခရီးစဥ်အနေဖြင့် ယခုတစ်ပတ်အတွင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးမစ္စတာဝမ်ယိသည်အမေရိကသို့လာရောက်မည်ဖြစ်ကြောင်း အမေရိကန် ပြည် ထောင်စု ကကြေငြာခဲ့သည်။

ကမ္ဘာ့အင်အားကြီးနှစ်နိုင်ငံအကြား ကုန်သွယ်ရေး၊ယူကရိန်းအရေး၊အရှေ့အလယ်ပိုင်းအရေး၊ထိုင်ဝမ်နှင့် တောင်တရုတ်ပင်လယ်အတွင်း တရုတ်၏ကြီးစိုးလာမှုများနှင့်ပတ်သက်၍ တင်းမာမှုများမြင့်တက်လာနေစဉ် ယခုခရီးစဉ်ဖြစ်လာခြင်းလည်းဖြစ်သည်။

ယခုခရီးစဉ်သည် နှစ်နိုင်ငံကြား ပြိုင်ဆိုင်မှုများကို တာဝန်သိသိဖြင့်စီမံခန့်ခွဲနိုင်ရန်ကြိုးစားမှု၏ တစ်စိတ်တစ်ဒေသဖြစ်လာလိမ့်မည်ဟုလည်း အမေရိကန်ထိပ်တန်းအရာရှိတစ်ဦးကပြောကြားခဲ့သည်။

ယခုခရီးစဉ်သည် “သံတမန်ဆက်ဆံရေးဖြင့် မျက်နှာချင်းဆိုင်ဖြေရှင်းပြီး စိန်ခေါ်မှုပြဿနာများကိုဖော်ထုတ်ရန်၊အထင်အမြင်လွဲမှားမှုများကိုဖြေရှင်းရန် အကောင်းဆုံးနည်းလမ်းဖြစ်ကာ အမေရိကန်အကျိုးစီးပွားများကိုဟန့်တားနေသည့် တရုတ်နှင့်လက်တွဲလုပ်ဆောင်ရန် အကောင်းဆုံးနည်းလမ်းလည်းဖြစ်သည်” ဟု အမည်မဖော်လိုသည့်အမေရိကန်အရာရှိတစ်ဦးကပြောကြားခဲ့သည်။

မစ္စတာဝမ်၏ယခုခရီးစဉ်သည် ၂၀၁၈ ခုနှစ်ကပေကျင်းသို့နောက်ဆုံးလာရောက်ခဲ့သည့် အမေရိကန်ထိပ်တန်းပုဂ္ဂိုလ်တစ်ဦးဖြစ်သူ မစ္စတာဘလင်ကန်၏ ဇွန်လက ပေကျင်းသို့လာရောက်ခဲ့သည့်ခရီးစဉ်အပြီး ပြန်လည်သွားရောက်ခြင်းလည်းဖြစ်သည်။

Source : AFP


LEAVE A REPLY

Please enter your comment!
Please enter your name here