မန္တလေးမြို့၊ (၆၆) လမ်း၊ (၁၂) လမ်းနှင့် (၂၆) လမ်းကြားရှိ ရတနာပုံဥယျာဉ် အရှေ့ဘက်ခြမ်း၌ ဆီမီး (၅၀၀၀) မီးထွန်းပွဲတော် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ဆီမီး (၅၀၀၀) မီးထွန်းပွဲတော်အား အောက်တိုဘာ (၂၉) ရက် သီတင်းကျွတ် လပြည့်နေ့နှင့် အောက်တိုဘာ (၃၀) ရက် သီတင်းကျွတ် လပြည့်ကျော်တစ်ရက်တို့၌ ညနေ (၅) နာရီမှ ည (၉) နာရီခွဲအထိ ကျင်းပသွားမည်ဖြစ်သည်။
မီးထွန်းပွဲတော်၌ စတုဒိသာ ကျွေးမွေးခြင်း၊ နိုင်ငံကျော်တေးသံရှင်များ၏ ဖျော်ဖြေမှုများ၊ ကျောက်ဆည်ဆင်အက၊ ရိုးရာခြင်းလုံး အလှခတ်၊ မန္တလေးစည်ပင်၏ ခေတ်ပေါ်တေးဂီတအဖွဲ့၊ Unplugged တေးဂီတအဖွဲ့များမှလည်း ဖျော်ဖြေတင်ဆက်သွားမည်ဖြစ်သည်။
မီးထွန်းပွဲတော်သို့ လာရောက်သူများအနေဖြင့် (၁၉) လမ်းဝင်ပေါက်မှတဆင့် စစ်ဆေးမှုခံယူကာ ဝင်ရောက်ရမည်ဖြစ်ပြီး အခြားဝင်ပေါက်များမှဝင်ခွင့်မပြုထားကြောင်း သိရသည်။