မြင်းခြံမြို့နယ်တွင် လမ်းဦးစီးအရာရှိနှင့် အငြိမ်းစားဝန်ထမ်းတစ်ဦး စီးနင်းလာသည့် အိမ်စီးကား ပ-စ်ခတ်ခံရပြီး (၂) ဦးလုံး ‌ေ-သဆုံး

0
390

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ မြို့သာ – မန္တလေးသွားကားလမ်း၊ သစ်ရုံကျေးရွာနှင့် ထိန်ပန်းကျေးရွာကြားတွင် အောက်တိုဘာ (၂၄) ရက် နေ့လယ်ပိုင်းက အိမ်စီးကားတစ်စီးအား လက်နက်ကိုင်အဖွဲ့ဝင်များမှ ပ-စ်ခတ်ခဲ့ကြကြောင်း သိရသည်။

ယမန်နေ့ နေ့လယ် (၃) နာရီ (၁၅) မိနစ်ခန့်က လက်နက်ကိုင်အဖွဲ့ဝင်များသည် မြင်းခြံမြို့နယ်၊ မြို့သာ – မန္တလေးသွားကားလမ်းအတိုင်း လမ်းဦးစီးအရာရှိ တစ်ဦးမောင်းနှင်ကာ အငြိမ်းစားဝန်ထမ်း(အမျိုးသား)တစ်ဦးလိုက်ပါလာသည့်အိမ်စီးကားကို သစ်ရုံကျေးရွာနှင့် ထိန်ပန်းကျေးရွာကြားအရောက် ‌ေ-သနတ်များဖြင့်ပ-စ်ခတ်ခဲ့ကြခြင်း ဖြစ်သည်။

ယင်းသို့ ပ-စ်ခတ်မှုကြောင့် လမ်းဦးစီးအရာရှိနှင့် အငြိမ်းစားဝန်ထမ်းအမျိုးသားတို့တွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌ ‌ေ-သဆုံးသွားခဲ့ကြောင်း သိရသည်။

ပ-စ်ခတ်မှုကြောင့် ၎င်းတို့စီးနင်းလာသည့် အိမ်စီးကားမှာ ညာဘက် ရှေ့/နောက်ဘီး (၂) လုံးပွင့်ထွက်၊ ကားညာဘက်ခြမ်းနှင့် လေကာမှန်တို့တွင် ကျည်ဖောက်ဝင်ထားသည့် ကျည်ဆံပေါက်ရာအချက် ၂၀ ခန့်တွေ့ရှိခဲ့ရကြောင်း သိရသည်။

ဖြစ်စဥ်မှ ‌ေ-သဆုံးသူ (၂) ဦး၏ ရုပ်အလေ-ာင်းများအား ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြပြီးနောက် ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးအတွက် လုံခြုံရေးအဖွဲ့ဝင်များမှ စုံစမ်းစစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here