BNI Indonesia Master ပြိုင်ပွဲတွင် အနိုင်ရပြီး (၁၆) ဦးအဆင့် တက်ရောက်သွားသည့် သက်ထားသူဇာ

0
257

မြန်မာ့ကြက်တောင်အားကစားမယ် သက်ထားသူဇာသည် BNI Indonesia Master ပြိုင်ပွဲတွင် အနိုင်ရပြီး (၁၆) ဦးအဆင့် တက်ရောက်သွားကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲကို အင်ဒိုနီးရှားနိုင်ငံတွင် အောက်တိုဘာ ၂၄ ရက်မှ ၂၉ ရက်အထိ ကျင်းပမည်ဖြစ်ပြီး ဆုကြေးအဖြစ် အမေရိကန်ဒေါ်လာ ၁၀၀၀၀၀ အထိ ချီးမြှင့်သွားမည် ဖြစ်‌ကြောင်း သိရသည်။

ကမ္ဘာ့အဆင့်သတ်မှတ်ချက်အရ သက်ထားသူဇာသည် BNI Indonesia Master ပြိုင်ပွဲတွင် (၃၂) ဦးအဆင့်မှ ၀င်ရောက်ယှဉ်ပြိုင်ခွင့်ရခဲ့ပြီး ကမ္ဘာ့အဆင့် (၁၁၆) ရှိ ဟောင်ကောင်ကြက်တောင်မယ် Yeung Sum Yee နှင့် ယှဉ်ပြိုင်ကစားရာ ၂၀ မှတ် ၂၂ မှတ်၊ ၉ မှတ် ၂၁ မှတ်ဖြင့်အနိုင်ရခဲ့ကာ (၁၆) ဦးအဆင့်သို့တက်ရောက်သွားပြီဖြစ်သည်။

သက်ထားသူဇာသည် (၁၆) ဦးအဆင့်၌ ကမ္ဘာ့အဆင့် (၁၁၃) ရှိ အင်ဒိုကြက်တောင်မယ် Stephanie Widjaja နှင့် မနက်ဖြန်တွင် ယှဉ်ပြိုင်ကစားရမည်ဖြစ်ပြီး ယခင်ထိပ်တိုက်တွေဆုံမှုတွင် သက်ထားသူဇာက ရှုံးနိမ့်ထားသည်။

သက်ထားသူဇာသည်ပြီးခဲ့သည့် ABU DHABI MASTERS 2023 ပြိုင်ပွဲတွင် ပူးတွဲတတိယရရှိခဲ့သည့်အတွက် ကမ္ဘာ့ကြက်တောင်အဖွဲ့ချုပ်က သတ်မှတ်ထားသော အမျိုးသမီးတစ်ဦးချင်းအဆင့်တွင် ကမ္ဘာ့အဆင့်မှာ (၄၅) မှ ကမ္ဘာ့အဆင့် (၄၀) သို့တက်လှမ်းနိုင်ခဲ့ကြောင်းလည်း သိရသည်။

File Photo


LEAVE A REPLY

Please enter your comment!
Please enter your name here