၂၀၂၃ ခုနှစ် နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာပြပွဲ ပဉ္စမနေ့တွင် ကျောက်စိမ်းအတွဲပေါင်း (၇၀၂) တွဲရောင်းချနိုင်ခဲ့

0
188

နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ကျင်းပလျက်ရှိသည့် ၂၀၂၃ ခုနှစ် နှစ်လယ်မြန်မာ့ကျောက်မျက် ရတနာပြပွဲ ပဉ္စမနေ့တွင် ကျောက်စိမ်းအတွဲပေါင်း ၇၀၂ တွဲကိုရောင်းချနိုင်ခဲ့ကြောင်း သိရသည်။

ပြပွဲ ပဉ္စမနေ့တွင် မဏိရတနာ ကျောက်စိမ်းခန်းမရှိ သတ်မှတ်နေရာများ၌ ခင်းကျင်းပြသထားသည့် ကျောက်စိမ်းအတွဲ ၄၀၄၅ တွဲကို ပြည်တွင်း/ပြည်ပရတနာကုန်သည်များက ကြည့်ရှုစစ်ဆေးကြသည်။

ထို့နောက် အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချမည့် ကျောက်စိမ်းအတွဲ ၇၅၀ အတွက် အဆိုပြုလွှာများအား တင်ဒါပုံးများအတွင်းထည့်သွင်းပြီးနောက် တာဝန်ရှိသူများက ဖွင့်ဖောက်စစ်ဆေးကာ ကျောက်စိမ်းအတွဲ ၇၀၂ တွဲအား ရောင်းချနိုင်ခဲ့ကြောင်း ကြေညာခဲ့သည်။

ပြပွဲ ဆဋ္ဌမနေ့ဖြစ်သည့် ယနေ့ အောက်တိုဘာ (၂၅) ရက် တွင်လည်း ကျောက်စိမ်းအတွဲပေါင်း ၇၅၀ တွဲကို ပြည်တွင်း၊ပြည်ပ ရတနာကုန်သည်များအား အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ဆက်လက်ရောင်းချပေးသွားမည်ဖြစ်ကာ ကျန်ရှိသည့် ကျောက်စိမ်းအတွဲများအား အောက်တိုဘာ (၂၈)ရက်အထိ ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here