​မန်း​​တောင်​ခြေ ကုန်း​ဘောင်ဆက်တို့၏ကုသိုလ်ရပ်ဝန်းဆီက ​​ကျောက်​တော်ကြီးပွဲ

0
266

အလှူခွင် ရာသီ စရောက်လာ​သော အညာတစ်ခွင်တွင် အလှူဝတ်လှည့်များတွေ့မြင်​နေကြရပြီဖြစ်သည်။ပုံပါအလှူလှည့်မြင်ကွင်းမှာ ယ​နေ့ နံနက်မန္တ​လေး​တောင်​ခြေတွင်​တွေ့ရပုံဖြစ်သည်။

မန္တ​လေးကျောက်တော်ကြီး ဘုရားပွဲလည်းစတင်​နေပြီဖြစ်၍မန္တလေးတောင်ခြေတစ်ဝိုက် စည်းကား
လျှက်ရှိ​ကြောင်းကို တမြို့လုံးက စကားလက်ဆင့်ကမ်းလျှက်ရှိကြသည်။

“ဒီနှစ်ကျောက်တော်ကြီး ဘုရားပွဲစျေးက ညနေ ၃ နာရီကစပြီး ည၁၂ နာရီထိ တိုးမပေါက်အောင်စည်​နေတာ၊ မြန်မာမုန့်ဆိုင်​တွေလည်းမရောင်းရတဲ့ဆိုင်မရှိလောက်အောင်ပဲ”ဟု မန္တ​လေး​တောင်​ခြေဘိုးဘိုးကြီးနတ်နန်းအတက်ရှိပန်းဆိုင်များထံမှ သိရသည်။

သီတင်းကျွတ်လဆန်း(၁၃)ရက်မှ သီတင်းကျွတ်လပြည့်ကျော် (၇)ရက်နေ့အထိကျင်းပ​သောကျောက်တော်ကြီး ဗုဒ္ဓပူဇနိယ ပွဲတော်ကြီးသည်မန္တလေးမြို့၏အစည်းကားဆုံးနှင့်ရက်အကြာဆုံး​သောပွဲတော်ကြီးတစ်ပွဲဖြစ်သည်။

မင်းတုန်းမင်းတရားကြီးကိုယ်တိုင်တည်ထားခဲ့​သောကျောက်တော်ကြီးဘုရား၏ဘွဲ့တော်မှာ မဟာသကျမာရဇိန်ဖြစ်သည်။

သီတင်းကျွတ်လပြည့်တွင်တော့ကုန်း​ဘောင်ဆက်တို့၏ဘုရားများတွင် ဆီမီး ပူဇော်ထွန်းညှိကြသည့်ဓလေ့ကလည်းတည်ဆဲပင်။

ကလေး​ကော လူကြီးများအတွက်​ပါ ပျော်စရာ ဝယ်စရာ စားစရာ များလှသည့် ဘုရားပွဲ​စျေးပင်ဖြစ်သည်။ အညာ​မြေချစ်သူများ၏ ငယ်ဘဝမ​မေ့နိုင်စရာ ဘုရားပွဲကြီးဖြစ်​ကြောင်း သူတို့အားလုံး၏နှလုံးခုန်သံများက​ပြောပြ​နေကြလိမ့်မည်ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here