အလယ်ရွှေဂုံတိုင်ရပ်ကွက် Battery ဆိုင်ရှေ့ ဓါတ်တိုင်လဲကျရာ ဓါတ်တိုင်ပေါ်ရှိ လျှပ်စစ် ဝန်ထမ်းနှစ်ဦး ထိခိုက်ဒဏ်ရာရ

0
247

ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ ရွှေဂုံတိုင်လမ်း၊ အလယ်ရွှေဂုံတိုင်ရပ်ကွက်ရှိ Battery ဆိုင် တစ်ဆိုင်ရှေ့တွင် ဓါတ်တိုင်လဲကျရာ ဓါတ်တိုင်ပေါ်ရှိ လျှပ်စစ်ဝန်ထမ်းနှစ်ဦး ထိခိုက်ဒဏ်ရာရရှိမှု ဖြစ်ပွားခဲ့ရကြောင်း ရွှေဂုံရိပ်မွန်လူမှုကူညီရေးအသင်းမှ သိရသည်။

အောက်တိုဘာ (၂၅) ရက် နေ့လယ် (၁၂) နာရီ (၁၀) မိနစ်ခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဗဟန်းကြက်ခြေနီအသင်းမှ လူနာတင်ယာဉ် တစ်စီးနှင့် ရွှေဂုံရိပ်မွန်လူမှုကူညီရေးအသင်းမှ လူနာတင်ယာဉ်တို့ဖြင့် သွားရောက်ကူညီခဲ့‌ကြောင်း သိရသည်။

ဒဏ်ရာရရှိခဲ့သည့် လျှပ်စစ် ဝန်ထမ်းနှစ်ဦးအား ရန်ကုန်ပြည်သူ့ဆေးရုံကြီး အရေးပေါ်ဌာနသို့ ကူညီပို့ဆောင်‌ပေးခဲ့ပြီး လျှပ်စစ်မီးပြန်လည်ရရှိရန်အတွက် လျှပ်စစ်ဝန်ထမ်းများမှ ပြန်လည်ပြုပြင်နေကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here