ဗီယက်နမ် ရေကြီးမှုကြောင့် ခရီးသွားလေးဦး‌ေ-သဆုံးခဲ့

0
245

ဟနွိုင်း၊အောက်တိုဘာ ၂၄

ဗီယက်နမ်နိုင်ငံ၌ရေကြီးရေလျှံမှုကြောင့် တောင်ကိုရီးယားခရီးသွားလေးဦး‌ေ-သဆုံးခဲ့ကြောင်းသိရသည်။ ၎င်းတို့စီးလာသောကားများ ရေစီးနှင့်မျောပါသွားပြီး အသက်ဆုံးရှုံးခဲ့ရခြင်းဖြစ်သည်ဟုသိရသည်။

ရေကြီးရေလျှံမှုဖြစ်ပွားရာဒေသ၌ သုံးရက်ဆက်တိုက် မိုးသည်းထန်စွာ အဆက်မပြတ်ရွာသွန်းခဲ့သဖြင့် ရုတ်တရက်ရေကြီးလာခြင်းကြောင့်ယခုကဲ့သို့ဖြစ်ရခြင်းဖြစ်သည်။

‌ေ-သဆုံးသူနိုင်ငံခြားသားများ၏ရုပ်အလေ-ာင်းကို ရေကြီးရေလျှံမှုဖြစ်ပွားရာဒေသ၏ ခပ်ဝေးဝေးတွင်ပြန်ရှာတွေ့ခဲ့ခြင်းဖြစ်ပြီး ၎င်းတို့ကားကိုမောင်းပေးသော ဗီယက်နမ်နိုင်ငံသားယာဉ်မောင်းသည် ရေစီးနှင့်မျောပါသွားသော်လည်း ၄င်းကို အသက်ရှင်လျက်ကယ်တင်နိုင်ခဲ့သည်ဟုဆိုသည်။

ဗီယက်နမ်တွင် ယခုနှစ်အစောပိုင်းမှစတင်၍ ရေကြီးမြေပြိုမှုများအပါအဝင် သဘာဝဘေးအန္တရာယ်များကြောင့် နိုင်ငံအတွင်း လူပေါင်း (၁၀၀)ခန့် အသက်ဆုံးရှုံးခဲ့ကြောင်း တရားဝင်ထုတ်ပြန်ချက်ကိန်းဂဏန်းများအရ သိရသည်။

Source : AFP


LEAVE A REPLY

Please enter your comment!
Please enter your name here