ရုရှားစစ်တက္ကသိုလ်တွင် မြန်မာ ဘာသာသင်ကြားနိုင်ရန်ဆောင်ရွက်လျက်ရှိပြီး မြန်မာနိုင်ငံ၌လာရောက်သင်ကြားခွင့်ရလိုဟု ရုရှားစစ်တက္ကသိုလ်​ကျောင်းအုပ်ခွင့်တောင်း

0
345

ရုရှားနိုင်ငံ စစ်ဘက်ဆိုင်ရာတက္ကသိုလ်တွင် မြန်မာ ဘာသာစကားတိုးချဲ့သင်ကြားနိုင်ရန်ဆောင်ရွက်လျက်ရှိပြီး မြန်မာနိုင်ငံသို့လာရောက်၍ မြန်မာ ဘာသာစကားကိုသင်ကြားခွင့်ရရှိလိုဟု ရုရှားနိုင်ငံ၊ ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ရှိ စစ်ဘက်ဆိုင်ရာတက္ကသိုလ်ကျောင်းအုပ်ကြီး ဒု-ဗိုလ်ချုပ်ကြီး အီဂေါမီ ရှုသ်ကင်မှ နစက ဥက္ကဋ္ဌနှင့်တွေ့ဆုံစဥ်ခွင့်တောင်းခဲ့ခြင်းဖြစ်သည်။

နစက ဥက္ကဋ္ဌမှ ရုရှားနိုင်ငံ စစ်ဘက်ဆိုင်ရာတက္ကသိုလ်ကျောင်းအုပ်ကြီး ဒု-ဗိုလ်ချုပ်ကြီး အီဂေါမီ ရှုသ်ကင်အား အောက်တိုဘာ ၂၅ ရက်မွန်းလွဲပိုင်းက နေပြည်တော်၌ လက်ခံတွေ့ဆုံခဲ့သည်။

တွေ့ဆုံစဥ် စစ်ဘက်ဆိုင်ရာတက္ကသိုလ်ကျောင်း အုပ်ကြီးမှ နှစ်နိုင်ငံနှင့်နှစ်နိုင်ငံ တပ်မတော်နှစ်ရပ်ကြား ပူးပေါင်းဆောင်ရွက်မှုများကိုတိုးမြှင့်ဆောင်ရွက်သွားရေး၊စစ်ဘက်ဆိုင်ရာတက္ကသိုလ်မှ ဆောင်ရွက်လျက်ရှိသည့် သင်ကြားရေးဆိုင်ရာများကို ရှင်းလင်းတင်ပြခဲ့သည်။

ထို့ပြင် လက်ရှိတွင် ဘာသာစကားသင်တန်းများ သင်ကြားပေးလျက်ရှိပြီး မြန်မာဘာသာစကားကို တိုးချဲ့သင်ကြားနိုင်ရန်ဆောင်ရွက်လျက်ရှိကာ မြန်မာနိုင်ငံ၌ မြန်မာဘာသာစကားလာရောက်သင်ကြားခွင့်ရရှိရေးအတွက် ဆောင်ရွက်ပေးစေ လိုသည်ဟု ခွင့်တောင်းခဲ့သည်။

ထို့အတူ နစက ဥက္ကဋ္ဌနှင့်စစ်ဘက်ဆိုင်ရာတက္က သိုလ်ကျောင်းအုပ်ကြီးတို့သည် မြန်မာ့တပ်မတော်နှင့်ရုရှားတပ်မတော်တို့သည် ပြည်သူက ပေါက်ဖွားလာသော တပ်မတော်များဖြစ်သည်နှင့်အညီ နိုင်ငံတော်နှင့်ပြည်သူကို ကာကွယ်စောင့် ရှောက်ပေးနေမှုကြောင့် ကာကွယ်ရေးတာဝန်များကို အောင်မြင်စွာထမ်းဆောင်နိုင်မည့်အခြေအနေများကိုလည်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ရုရှားနိုင်ငံ၊စစ်ဘက်ဆိုင်ရာတက္ကသိုလ်သည် နစက ဥက္ကဋ္ဌအား နှစ်နိုင်ငံတပ်မတော်နှစ်ရပ်ကြား ဆက်ဆံရေးတိုးတက်ခိုင်မာအောင်ဆောင်ရွက်နိုင်မှု၊စစ်ဘက်နည်းပညာဆိုင်ရာဖွံ့ဖြိုးတိုးတက်စေရေးပူးပေါင်းဆောင်ရွက်မှု၊ပညာတော်သင် သင်တန်းသားများစေလွှတ်ခြင်းဖြင့် နှစ်နိုင်ငံတပ်မ တော်နှင့်အစိုးရနှစ်ရပ်ကြား ချစ်ကြည်ရင်းနှီးမှုကို တိုးတက်ခိုင်မာအောင်စွမ်းဆောင်နိုင်မှုတို့ကြောင့် “ဂုဏ်ထူးဆောင်ပါမောက္ခ”ဘွဲ့ (Honorary Professor of the Russian Military University) ကို စစ်တက္ကသိုလ်မှဘုတ်အဖွဲ့များ၏ ဆုံးဖြတ် ချက်အရ ၂၀၂၁ ခုနှစ်၊ဇွန် ၂၃ ရက်တွင်ချီးမြှင့်အပ်နှင်းခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here