မြန်မာ-ရုရှား တိုက်ရိုက်လေကြောင်း ပျံသန်းမှုများအား ဆက်လက်တိုးမြှင့် သွားရန် သံအမတ်သစ်နှင့်ဆွေးနွေး

0
183

မြန်မာ-ရုရှား နှစ်နိုင်ငံကြားတိုက်ရိုက်လေ ကြောင်းပျံသန်းမှုများအား ဆက်လက်တိုးမြှင့်သွားရန် နစက ဥက္ကဋ္ဌနှင့်မြန်မာနိုင်ငံဆိုင်ရာ ရုရှားနိုင်ငံသံအမတ်ကြီးအဖြစ်ခန့်အပ်ရန် သဘောတူညီပြီးဖြစ်သည့် သံအမတ်ကြီး H.E. Mr. Iskander Azizov တို့ဆွေးနွေးခဲ့ကြသည်။

သံအမတ်ကြီး H.E. Mr. Iskander Azizov မှ အောက်တိုဘာ ၂၅ ရက်နံနက် ၁၀ နာရီက ၎င်း၏သံအမတ်ခန့်အပ်လွှာကို နစကဥက္ကဋ္ဌအားတွေ့ဆုံပေးအပ်စဥ် ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။

တွေ့ဆုံစဥ် မြန်မာ-ရုရှားနှစ်နိုင်ငံသံတမန်ဆက်ဆံရေး၊နှစ်နိုင်ငံကြား လူသားချင်းစာနာထောက်ထားမှုဆိုင်ရာများ၊ယဉ်ကျေးမှုဆိုင်ရာများ၊ပညာသင်ကြားမှုဆိုင်ရာများ၊စီးပွား ရေးပူးပေါင်းဆောင်ရွက်မှုများ၊ခရီးသွားကဏ္ဍ မြှင့်တင်မှုနှင့်အခြားကဏ္ဍပေါင်းစုံ၌ပူးပေါင်းဆောင်ရွက်လျက်ရှိ​နေမှုတို့ကို ဆွေးနွေးခဲ့ကြသည်။

ထို့ပြင် နှစ်နိုင်ငံကြား နိုင်ငံတော်အဆင့်နှင့်ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ အပြန်အလှန်ချစ်ကြည်ရေးခရီးစဉ်များသွားရောက်လျက်ရှိမှုနှင့် ခိုင်မာကောင်းမွန်သည့် ဆက်ဆံရေးရှိမှု၊ နှစ်နိုင်ငံကြားတိုက်ရိုက်လေကြောင်းပျံသန်းမှုများဆောင် ရွက်လျက်ရှိရာ ဆက်လက်တိုးမြှင့်ဆောင်ရွက် သွားရန်တို့ကိုလည်း ဆွေးနွေးခဲ့ကြသည်။

ထို့အတူ မြန်မာနိုင်ငံ၌ ပြည်တွင်းငြိမ်းချမ်းရေးရရှိရန်ကြိုးပမ်းဆောင်ရွက်လျက်ရှိမှု၊လက်ရှိနိုင်ငံ ရေးဆိုင်ရာ ဖြစ်ပေါ်တိုးတက်နေမှု၊တပ်မတော်အနေဖြင့် ပြည်သူများလိုလားသည့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်တွင် ခိုင်ခိုင်မာမာဖြစ်စေရေးကြိုးပမ်းဆောင်ရွက်လျက်ရှိမှုတို့ကိုလည်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here