ရုရှားသံအမတ်အသစ်က နစက ဒု-ဝန်ကြီးချုပ်ဦးသန်းဆွေအားလာ​ရောက်​တွေ့ဆုံ

0
130

မြန်မာ-ရုရှားနှစ်နိုင်ငံ ကဏ္ဍစုံအကျိုးတူပူးပေါင်းဆောင်ရွက်မှုများပိုမိုတိုးမြှင့်ရန် နစက ဒု-ဝန်ကြီးချုပ်နှင့်နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေနှင့်မြန်မာနိုင်ငံဆိုင်ရာ ရုရှားနိုင်ငံသံအမတ်ကြီးသစ်အဖြစ်ခန့်အပ်ခံရသည့် မစ္စတာ အီစ်ကန်ဒဲ အာဇီဇော့ဖ် တို့ဆွေးနွေးခဲ့ကြသည်။

ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေမှ ရုရှားနိုင်ငံသံ အမတ်ကြီးသစ် မစ္စတာ အီစ်ကန်ဒဲ အာဇီဇော့ဖ် အား အောက်တိုဘာ ၂၅ ရက်နေ့လည် ၁ နာရီက နေပြည်တော်၌လက်ခံတွေ့ဆုံခဲ့သည်။

တွေ့ဆုံစဉ် မြန်မာ-ရုရှားနှစ်နိုင်ငံကြား ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေးနှင့်ပြည်သူအချင်းချင်း ထိတွေ့ဆက်ဆံမှု၊ကုန်သွယ်ရေး၊စီးပွားရေး၊ပညာရေး၊ကျန်းမာရေး၊ယဉ်ကျေးမှု၊စွမ်းအင်၊လျှပ်စစ်နှင့်ခရီးသွားလုပ်ငန်းအပါအဝင် နှစ်နိုင်ငံအကျိုးတူပူးပေါင်းဆောင်ရွက်မှုများပိုမိုတိုးမြှင့်ရေးကို ဆွေးနွေးခဲ့ကြသည်။

ထို့ပြင် ဒေသတွင်းနှင့်နိုင်ငံတကာမျက်နှာစာတွင် ပိုမိုနီးကပ်စွာပူးပေါင်းဆောင်ရွက်ရေးကိုလည်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here