လားရှိုးမြို့တွင် တက္ကသိုလ်ကျောင်းသားတစ်ဦးမောင်းလာသည့်ဆိုင်ကယ် ညောင်ပင်ကိုဝင်တိုက် ထိခိုက်ဒဏ်ရာများရခဲ့

0
308

ရှမ်းပြည်နယ်၊လားရှိုးမြို့၊ဘူတာလမ်းမကြီးပေါ်ရှိ ညောင်ပင်အား ဆိုင်ကယ်စီးလာသည့် အဝေးသင်တက္ကသိုလ်ကျောင်းသားတစ်ဦးမှဝင်တိုက်မိခဲ့မှု အောက်တိုဘာ ၂၅ ရက်ညပိုင်းကဖြစ်ပွားခဲ့ကြောင်း လားရှိုးလူငယ်များလူမှုကူညီရေးအဖွဲ့မှ သိရသည်။

ယမန်နေ့ည ၁၀ နာရီ ၁၅ မိနစ်ခန့်က လားရှိုးမြို့၊ဘူတာလမ်းမကြီးအတိုင်း ဆိုင်ကယ်မောင်းနှင်လာသည့် အဝေးသင်တက္ကသိုလ်တက်ရောက်နေသော မိုင်းအုံးခိုင်သည် အကောင်ခွန်ရုံးအနီးရှိ ညောင်ပင်အားဝင်တိုက်မိခဲ့သဖြင့် ဦးခေါင်းတွင်ထိခိုက်မိကာ တင်ပဆုံရိုးကျိုးသွားခဲ့ကြောင်း သိရသည်။

ဖြစ်စဥ်မှ ထိခိုက်ဒဏ်ရာများရရှိခဲ့သည့် အဝေးသင်တက္ကသိုလ်ကျောင်းသားအား လားရှိုးလူငယ်များလူမှုကူညီရေးအဖွဲ့မှ မြေပြင်ကုသမှုများပြုလုပ်ပေးပြီးနောက် လားရှိုးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

Photo-လားရှိုးလူငယ်များ


LEAVE A REPLY

Please enter your comment!
Please enter your name here