ချက်ကြိုးတန်းလန်းနှင့် စွန့်ပစ်ခံခဲ့ရသည့် သမီးငယ်လေး ကွယ်လွန်သွားပြီဟု ခိုင်နှင်းဝေပြော

0
303

ချက်ကြိုးတန်းလန်းနှင့် စွန့်ပစ်ခံခဲ့ရသည့် သမီးငယ်လေး ကွယ်လွန်သွားပြီဟု ပရဟိတ မင်းသမီး သရုပ်ဆောင် ခိုင်နှင်းဝေ က ၎င်း၏ လူမှုကွန်ရက်စာမျက်နှာမှတဆင့် အသိပေး ပြောကြားထားသည်။

“စိတ်မကောင်းစွာပဲ အသိပေးပါရစေရှင်။ သမီးလေး ဆုံးသွားပါပြီ။ အတတ်နိုင်ဆုံး ကြိုးစားကုသပေမဲ့ အသက်မကယ်နိုင်လိုက်ပါဘူး။ ဒီဘဝ (၄) ရက်သာ အသက်ရှင်ခွင့် ရပေမယ့် နောက်ဘဝ ဆက်တိုင်း အခုလို အဖြစ်ဆိုးမှ ဝေးပါစေနော်”ဟု ပရဟိတ မင်းသမီး ခိုင်နှင်းဝေက လူမှုကွန်ရက် စာမျက်နှာမှ တဆင့် အောက်တိုဘာ (၂၆) ရက် နံနက်ပိုင်းတွင် အသိပေး ပြောဆိုထားခြင်းဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ်၊မြစံပယ်လမ်း မီးရထားလမ်းဘေးတွင် အောက်တိုဘာ (၂၃) ရက် ည (၉) နာ ရီကျော်အချိန်ခန့်က ချက်ကြိုးတန်းလန်းနှင့် စွန့်ပစ်ခံထားရသည့် မွေးကင်းစ ကလေးငယ်တစ်ဦးကို ခိုင်နှင်းဝေ ဖောင်ဒေးရှင်းက ကူညီကယ်တင်ထားခဲ့ခြင်းဖြစ်သည်။

ယင်းသို့ ကယ်တင်ထားခဲ့သော်လည်း ကလေးငယ်မှာ (၄) ရက်အကြာ ယနေ့ အောက်တိုဘာ (၂၆) ရက်တွင် ‌ေ-သဆုံးခဲ့ခြင်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here