ရန်ကုန်တိုင်းအတွင်း ခွင့်ပြုလိုက်​သော ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း (၈) ခုတွင် CMP စနစ်ထုတ်လုပ်ခြင်း တဝက်ပါဝင်

0
198

ရန်ကုန်တိုင်းဒေသကြီးအတွင်း ရင်းနှီးလုပ်ကိုင်မည့် ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း (၈)ခု ကို ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီရုံး၌ ကျင်းပပြုလုပ်သည့် (၁၀/၂၀၂၃) ကြိမ်မြောက် အစည်းအဝေးမှခွင့်ပြုပေးခဲ့ကြောင်း သိရသည်။

အဆိုပါ လုပ်ငန်း(၈) ခုအနက် စက်မှုကဏ္ဍတွင် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၂)ခုနှင့် ရာခိုင်နှုန်းပြည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၆)ခု ပါဝင်ကြောင်း သိရသည်။

အတည်ပြုပေးခဲ့သည့် လုပ်ငန်းများတွင် ဖိနပ်အမျိုးမျိုး ထုတ်လုပ်ရောင်းချခြင်း ( ၁၀၀% ပြည်တွင်းရောင်းချခြင်း) လုပ်ငန်း၊ CMP စနစ်ဖြင့် အဝတ်အထည် အမျိုးမျိုးချုပ်လုပ်ခြင်းလုပ်ငန်း၊ CMP စနစ်ဖြင့် Wearing Apparel အမျိုးမျိုး ချုပ်လုပ်ခြင်း လုပ်ငန်း၊ ဟင်းသီးဟင်းရွက်များနှင့် သစ်သီးဝလံများအား အေးခဲ၍ ထုပ်ပိုးတင်ပို့ရောင်းချခြင်းလုပ်ငန်း၊ CMP စနစ်ဖြင့် နားကြပ်နှင့် ဆက်စပ်ပစ္စည်း အမျိုးမျိုးထုတ်လုပ်ခြင်းလုပ်ငန်း၊ စက္ကူကို အခြေခံ၍ ပါကင်ဗူးနှင့် တံဆိပ်အမျိုးမျိုးထုတ်လုပ်ပြီး ပြည်တွင်းသို့ (၁၀၀%) ဖြန့်ဖြူး ရောင်းချခြင်း လုပ်ငန်း၊ CMP စနစ်ဖြင့် အရည်အသွေးမြှင့် Poly Resin အား အခြေခံ၍ အရည်အသွေးမြှင့် PolyResin, Cold Cast Bronze, Pewter ကြွေထည်ရုပ်ထုများနှင့် ပန်းပုရုပ်ထုများ ထုတ်လုပ်ခြင်းလုပ်ငန်းတို့ ဖြစ်ကြောင်း သိရသည်။

အဆိုပါ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ၏ မတည်ငွေရင်း ပမာဏမှာ ကျပ် (၄,၅၅၂ ဒသမ ၃၂၅) သန်းနှင့် အမေရိကန် ဒေါ်လာ (၆ ဒသမ ၂၃၆) သန်း ဖြစ်ပြီး ပြည်တွင်းအလုပ်အကိုင် အခွင့်အလမ်း (၅,၅၄၁) ဦးအတွက် အလုပ်အကိုင် ဖန်တီးပေးနိုင်မည်ဖြစ်သည်။

ထို့အပြင် အစည်းအဝေးတွင် ပြည်တွင်းအလုပ်အကိုင် အခွင့်အလမ်း (၄၀၀) ဦး တိုးမြှင့်ဖန်တီးပေးနိုင်မည့် လုပ်ငန်း (၁) ခု အပါအဝင် အထွေထွေ ကိစ္စရပ်များ တင်ပြလာသည့် ကုမ္ပဏီ (၆)ခု၏ တင်ပြချက်များကိုလည်း ဆွေးနွေးဆုံးဖြတ်ခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here