တရုတ်အနောက်ဖက် နှင့် အာဆီယံနိုင်ငံများကို ဆက်သွယ်ပေးသည့် စီးပွား​ရေး စင်္ကြံသစ် ILSTC မြန်မာနှင့်ချိတ်ဆက်မည်

0
173

မြန်မာ – တရုတ် (ချုံချင်းဒေသ) အကြား စီးပွားရေးနှင့်ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ပူးပေါင်း ဆောင်ရွက်နိုင်ရေးနှင့် New International Land-Sea Trade Corridor ကုန်သွယ်မှုလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ကုန်သည်စက်မှုအသင်းချုပ်၌ ဆွေးနွေးခဲ့ကြောင်း သိရသည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ Chongqing Municipal People’s Government, Foreign Affair Office ဒါရိုက်တာ Mr. Zhao Yin နှင့် ကိုယ်စားလှယ်များသည် ကုန်သည်စက်မှုအသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာဝင်းစည်သူ၊ အသင်းချုပ်အဖွဲ့ဝင်များနှင့် အောက်တိုဘာလ (၂၄) ရက်တွင် အသင်းချုပ် အစည်းအဝေးခန်းမ၌ တွေ့ဆုံဆွေးနွေးခဲ့ကြခြင်းဖြ စ်သည်။

New International Land-Sea Trade Corridor သည် တရုတ်နိုင်ငံ အနောက်ပိုင်း (ချုံချင်းဒေသ) နှင့် အာဆီယံနိုင်ငံများကို ဆက်သွယ်ပေးသည့် စင်္ကြံသစ်ဖြစ်ပြီး ယင်းဒေသများ၏ လမ်းပန်း ဆက်သွယ်ရေး၊ ကုန်သွယ်မှုနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအပေါ် များစွာ အကျိုးသက်ရောက်မှုရှိသည့်အတွက် Corridor တစ်လျှောက် ကုန်သွယ်မှု၊ သယ်ယူပို့ဆောင်ရေးနှင့် လုပ်ငန်းများလည်ပတ် ချောမွေ့စေရန် မြန်မာနိုင်ငံနှင့် ချိတ်ဆက်ပူးပေါင်း ဆောင်ရွက်နိုင်ရေးတို့အတွက် တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ထို့ပြင် New International Land-Sea Trade Corridor Corridor တစ်လျှောက် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များကို ဆောင်ရွက်ရန်၊ မြန်မာ-တရုတ်(ချုံချင်းဒေသ)အကြား ကုန်ထုတ်လုပ်မှု ၊ ဒီဂျစ်တယ်အသွင်းကူးပြောင်းရေး၊ စီးပွားရေးအခွင့်အလမ်းများ၊ ရရှိရေးတို့အတွက် အသင်းချုပ်နှင့် ပူးပေါင်းဆောင်ရွက်နိုင်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။

အဆိုပါ အစည်းအဝေးသို့ ကုန်သည်စက်မှုအသင်းချုပ် ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာဝင်းစည်သူ၊ တွဲဖက်အထွေထွေ အတွင်းရေးမှူးများ ဖြစ်ကြသော ဦးမျိုးသန့်၊ ဦးကျော်ဒေဝ၊ ဦးအောင်စိုးသာ၊အလုပ်အမှုဆောင် ဦးအောင်ကျော်မိုးနှင့် ဒေါက်တာစိုးထွန်းတို့ တက်ရောက် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here